ကမ်းလွန် ပင်လယ်ကို တရုတ်ရေတပ် ပိုအာရုံစိုက်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ရဲ့ စစ်အင်အား တိုးချဲ့မှုက ဒေသတွင်း နိုင်ငံတွေကို အထိတ်တလန့် ဖြစ်စေ။

တရုတ် နိုင်ငံက သူ့နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်ပြီး စစ်အင်အား ချဲ့ထွင်မယ့် လုပ်ဆောင်မှုတွေ ပါဝင်တဲ့ မဟာဗျူဟာ အသစ် တစ်ခုကို ထုတ်ပြန် လိုက်ပါတယ်။

တရုတ် ရေတပ် အနေနဲ့ သူ့ရဲ့ ကမ်းရိုးတန်းကို ကာကွယ်ရုံ သာမက ကမ်းလွန် ပင်လယ်ပြင်ထဲမှာပါ ပိုမို အလေးထား အာရုံစိုက် သင့်တယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်း နိုင်ငံ အတော် များများကို အထိတ်တလန့် ဖြစ်စေတဲ့ ရေတပ် အင်အားတိုးချဲ့မှုတွေကို တောက်လျှောက် ပုံမှန် လုပ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။

အငြင်းပွားနေတဲ့ စပရတ်လီ Spratly ကျွန်းစုတွေပေါ်က သန္တာ ကျောက်တန်းတွေ ပေါ်မှာလည်း မီတာ ၅၀ အမြင့် ရှိတဲ့ မီးပြတိုက် နှစ်ခု တည်ဆောက်မယ်လို့ တရုတ် အစိုးရက ကြေညာခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ တရုတ်ရဲ့ အဲဒီ အစီအစဉ်ကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ