ငြိမ်း​ချမ်း​ရေး​ထိန်းသိမ်း​ရေး​တပ်​တွေ လူ့​အခွင့်​အရေး​ချိုး​ဖောက်​သလား စုံစမ်း​မယ်

french_soldier_central_african_republic ဓာတ်ပုံ မူပိုင် AFP
Image caption ဗဟို အာဖရိက ရီပတ်ပလစ် မှာ ပြင်သစ် တပ်ဖွဲ့ တွေ ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား မှု တွေ ပြုမူ ခဲ့ ကြတယ် ဆိုတဲ့ စွပ်စွဲ မှု တွေ ကို အသေအချာ စုံစမ်း စစ်ဆေး မှု တွေ ပြုလုပ်နေ။

ဗဟို အာဖရိက ရီပတ်ပလစ် နိုင်ငံ မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေ က လူ့ အခွင့်အရေး ချိုး ဖောက် မှု တွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှု တွေ ကို စုံစမ်း ဖော် ထုတ် ဖို့ နိုင်ငံ အများ အပြား ကို တောင်းဆို ထား တယ် လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Raad al-Hussein က ပြောပါတယ်။

ဘယ်နိုင်ငံ တွေ ကို တောင်းဆို ထား သလဲ ဆိုတာ ကို မင်းသားကြီး ဇိတ် က ထုတ် ဖော် မပြော ပေမယ့် အာဖရိက ငြိမ်းချမ်းရေး တပ် တွေ ဟာ သေဒဏ် ကို အကျဉ်းရုံး စစ်ဆေး စီရင် တာ မျိုး၊ လူတွေ ကို ဖမ်းဆီး ခေါ်ဆောင် သွားတာ မျိုး အပါအဝင် မုဒိန်းမှု တွေ ကျူးလွန် တာ မျိုး တွေ လုပ် ခဲ့ နိုင် တယ် လို့ ဆိုပါတယ်။

ဗဟို အာဖရိက ရီပတ်ပလစ် မှာ ပြင်သစ် တပ်ဖွဲ့ တွေ ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား မှု တွေ ပြုမူ ခဲ့ ကြတယ် ဆိုတဲ့ စွပ်စွဲ မှု တွေ ကို အသေအချာ စုံစမ်း စစ်ဆေး မှု တွေ ပြုလုပ် လာခဲ့ တာ ကနေ အခု လို မင်းသားကြီး ဇိတ် က ထုတ် ဖော် ပြောဆို လာတာ ဖြစ်ပါတယ်။

ပေါက်ကြား ခဲ့တဲ့ ကုလ သမဂ္ဂ အစီရင်ခံစာ တစ်စောင် ရဲ့ အဆိုအရ အစာရေစာ လာရောက် တောင်းခံ ကြတဲ့ ငတ်မွတ် နေကြတဲ့ ကလေး သူငယ် တွေကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်သား တွေ က လိင်ပိုင်း ဆိုင်ရာ စော်ကားမှု တွေ လုပ်ဆောင် ခဲ့တာ မျိုး ရှိတယ် လို့ ရေး သား ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ