မလေးရှားလေကြောင်း ဝန်ထမ်း ၆ ထောင် လျှော့ချမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့နှစ်က ပျောက်ဆုံးသွားတဲ့ MH370 ကို အခုထိ ရှာမတွေ့သေး။

ပြီးခဲ့တဲ့ နှစ်အတွင်း လေယာဉ် ၂ စီး ဆုံးရှုံးခဲ့ရတဲ့ မလေးရှား လေကြောင်းလိုင်းဟာ သူ့ရဲ့ ဝန်ထမ်းပေါင်း ၆ ထောင်ကို လျှော့ချ ရတော့မယ်လို့ ကြေညာ လိုက်ပါတယ်။

အဲဒီ အရေအတွက်ဟာ မလေးရှား လေကြောင်းလိုင်း ဝန်ထမ်း အင်းအား စုစုပေါင်းရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။

ဒီသတင်းကို ထုတ်ပြန်တဲ့ ဂျာမန်လူမျိုး အမှုဆောင် အရာရှိချုပ် Christoph Mueller က လေကြောင်းလိုင်းဟာ ဒေဝါလီ ခံရမယ့် အခြေအနေကို ကြုံနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လမှာ မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး ကွာလာလမ်ပူ ကနေ ဘေဂျင်းကို ပျံသန်းစဉ် ပျောက်ဆုံး ခဲ့ပါတယ်။

အဲဒီနောက် လေးလအကြာမှာ နောက်ထပ် လေယာဉ်တစ်စီး ယူကရိန်း အရှေ့ပိုင်းမှာ ဒုံးကျည် ထိမှန် ပျက်ကျ ခဲ့ပါတယ်။

သုံးသပ်သူတွေ ကတော့ မလေးရှား လေကြောင်းလိုင်းရဲ့ လက်ရှိ ဘဏ္ဍာရေး ပြဿနာတွေဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်ရတာလို့ အပြစ်တင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ