တောင်ကိုရီးယား ပဲ့ထိန်းဒုံးကျည်သစ် စမ်းသပ်

ဓာတ်ပုံ မူပိုင် AP
Image caption ပဲ့ထိန်းဒုံးကျည်သစ် ပထမအဆင့် စမ်းသပ်မှုကို တောင်ကိုရီးယား ရုပ်သံက ထုတ်လွှင့်ခဲ့။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒေသအားလုံးကို ရောက်ရှိ ပစ်ခတ်နိုင်မယ့် ပဲထိန်း ဒုံးကျည် အသစ်ကို တောင်ကိုရီးယား နိုင်ငံက စမ်းသပ် ပစ်လွှတ်ခဲ့ပြီး ပထမအဆင့် စမ်းသပ်မှု အောင်မြင် ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်က တိုးမြှင့်လာတဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ တောင်ကိုရီးယားက အခု ပဲ့ထိန်းဒုံးကျည် အသစ်ကို ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ထုတ်ဖော် လာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟေးက အဲဒီ ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို ကြည့်ရှု ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူတို့ရဲ့ ရေငုပ်သင်္ဘောကနေ ပထမဆုံး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို စောင့်ကြည့် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ