မားစ်ရောဂါကြောင့် တောင်ကိုရီးယား ၃ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Getty
Image caption အရှေ့အလယ်ပိုင်း ဒေသ အပြင်ဘက်မှာ အကြီးဆုံး ရောဂါ ပြန့်ပွားမှု ဖြစ်။

တောင်ကိုရီးယား နိုင်ငံမှာ မားစ်လို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၃ ယောက်အထိ ရှိလာပြီးနောက်မှာ စာသင်ကျောင်းပေါင်း ၇၀၀ ကျော်ကို ပိတ်ထားလိုက်ရပါတယ်။

တောင်ကိုရီးယားမှာ အခုချိန်အထိ မားစ်ရောဂါ ကူးစက် ခံရသူပေါင်း ၃၅ ဦး အထိ ရှိသွားပြီး၊ လူပေါင်း ၁၆၀၀ ကျော်ကို သီးသန့် ခွဲခြား စောင့်ကြည့် နေရတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မားစ်ရောဂါဟာ ၂၀၁၂ ခုနှစ်က ဆော်ဒီ အာရေဗျ နိုင်ငံမှာ စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး၊ အခုလို တောင်ကိုရီးယားမှာ ဖြစ်ပွားမှုဟာ အရှေ့အလယ်ပိုင်း ဒေသ အပြင်ဘက်မှာ အကြီးဆုံး ရောဂါ ပြန့်ပွားမှု ဖြစ်ပါတယ်။

ဆိုးလ် မြို့တော်က အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေနဲ့ ယာဉ်ရထားတွေ ပေါ်မှာ ရောဂါ ကာကွယ်ဖို့အတွက် မျက်နှာဖုံးတွေနဲ့ သွားလာသူတွေ တိုးပွား လာပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်တို့က ခရီးသွား အများစု ပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသည် ၇၀၀၀ လောက်ဟာ တောင်ကိုရီးယားကို သွားရောက်မယ့် ခရီးစဉ်ကို ပယ်ဖျက် ခဲ့ကြရတယ် လို့လည်း ကိုရီးယား ကမ္ဘာလှည့် ခရီးသွားအဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ