မော်ဝါဒီ သူပုန် ၁၂ ဦးကို အိန္ဒိယရဲ ပစ်သတ်

ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တွေ လိုက်ပါလာတဲ့ ကားတွေနဲ့ ထိပ်တိုက် တွေ့ခဲ့တာလို့ အိန္ဒိယ ရဲက ပြော။

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း၊ ဂျာခန်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှု တစ်ခု အတွင်း မော်ဝါဒီ သူပုန်တွေလို့ သံသယရှိတဲ့ လူ ၁၂ ယောက်ကို သတ်ဖြတ် ခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ မော်ဝါဒီ သူပုန်တွေ အဓိက အခြေစိုက်တဲ့ တောအုပ် တစ်ခု အတွင်းမှာ အင်္ဂါနေ့ အစောပိုင်းက ဖြစ်ခဲ့တာပါ။

တချို့ သတင်းတွေအရ သူပုန်တွေ လိုက်ပါလာတဲ့ ကား ၂ စီးကို ရပ်တန့် စစ်ဆေးရာကနေ သူပုန်တွေဘက်က စတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လယ်သမားတွေနဲ့ မြေယာမဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ဆိုတဲ့ မော်ဝါဒီ သူပုန် အင်အားစုတွေဟာ အိန္ဒိယ အရှေ့ပိုင်းမှာ ၁၉၆၀ ပြည့်လွန် နှစ်တွေ ကတည်းက လှုပ်ရှား နေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ အိန္ဒိယ အလယ်ပိုင်း ချက်တိစ်ဂါး ပြည်နယ်မှာ မော်ဝါဒီ သူပုန်တွေက ခြုံခို တိုက်ခိုက်ခဲ့လို့ အိန္ဒိယ ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ