IS လက်အောက် မိုဆူးမြို့က ဘဝတွေ အကြောင်း

Image caption အမျိုးသမီး မှန်သမျှ တကိုယ်လုံး အဝတ် ဖုံးအုပ်ကြရ။

အီရတ်နိုင်ငံ၊ မိုဆူးလ် မြို့ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ သိမ်းယူခဲ့တာ တစ်နှစ် ကြာခဲ့ပြီးနောက် အဲဒီမြို့မှာ ရှိတဲ့ ဒေသခံတွေရဲ့ ဘဝတွေကို IS တွေက ဘယ်လို ဘယ်ပုံ ထိန်းချုပ် ထားတယ် ဆိုတာတွေကို ဘီဘီစီရဲ့ စုံစမ်း လေ့လာမှု တစ်ခု အရ သိလာရပါတယ်။

မိုဆူးလ်မြို့မှာ ရှိတဲ့ စာသင်ကျောင်း အများစုကို ပိတ်ထားပြီး ဖွင့်ထားတဲ့ တချို့ ကျောင်းတွေမှာတော့ IS အဖွဲ့က ချမှတ်တဲ့ သင်ရိုးကိုပဲ သင်ကြရပါတယ်။

အမျိုးသမီး မှန်သမျှ တကိုယ်လုံး ခြေဆုံး ခေါင်းဆုံး အဝတ် ဖုံးအုပ်ကြရပြီး ဆွေမျိုးထဲက အမျိုးသား တစ်ယောက် ပါမှသာ အပြင် ထွက်ခွင့် ရှိကြပါတယ်။ ဒါကြောင့်ပဲ မိုဆူးလ်မှာ ပိတ်စ စျေးနှုန်းတွေ ထိုးတက် သွားပါတယ်။

ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်မှုတွေ မရှိစေဖို့နဲ့ သတင်းတွေ မရရှိစေဖို့ IS စစ်သွေးကြွတွေက မိုဘိုင်းဖုန်း ကွန်ယက်တွေကို ဖြတ်တောက် ခဲ့ပါတယ်။

ရှီးယား မွတ်ဆလင်တွေနဲ့ တခြား ဘာသာဝင် လူနည်းစုတွေကတော့ နှိပ်စက် ညှဉ်းပမ်းမှုတွေ ခံနေခဲ့ကြရပါတယ်။ သူတို့ တချိန်က နေခဲ့တဲ့ နေရာတွေဟာလည်း လူသူကင်းမဲ့ပြီး ခြောက်ကပ်လုနီး ဖြစ်နေပါတယ်။

ဒါ့အပြင် ဗလီ အတော်များများကိုလည်း မိစ္ဆာဒိဋ္ဌိတွေရဲ့ ဒုစရိုက်နယ်တွေ ဖြစ်လာတယ် ဆိုပြီး စစ်သွေးကြွတွေက ဖျက်ဆီးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ