အီဂျစ် ဘုရားကျောင်းအနီး အသေခံ ဗုံးခွဲမှု ဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာလှည့် ခရီးသည်တွေ အလာများတဲ့ ကာနက်ခ် ဘုရားကျောင်း။

အီဂျစ် နိုင်ငံမှာ နိုင်ငံခြားသား ခရီးသည်တွေ အသွားအလာ များတဲ့ လက်ဆော မြို့က ရှေးဟောင်း ဘုရားကျောင်းဝင်း အပြင်ဘက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က ရှေးဟောင်း Karnak ကာနက်ခ် ဘုရားကျောင်းဝင်းရဲ့ အရံအတားတွေကို လူ ၃ ယောက်က ကျော်ဖြတ်ဖို့ ကြိုးစား ခဲ့ကြပြီး သူတို့ထဲက တယောက်က အသေခံ ဗုံးခွဲလိုက်တာလို့ ဆိုပါတယ်။

ဒုတိယ တစ်ဦးကိုတော့ ရဲတွေက အသေ ပစ်ခတ် ဖမ်းဆီးခဲ့ပြီး တတိယ တစ်ဦးကိုလည်း ဒဏ်ရာ အပြင်းအထန်နဲ့ ဖမ်းမိ ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သား ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံခြား ခရီးသည်တွေ မထိခိုက်ခဲ့ဘူးလို့ သိရပါတယ်။

တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့ကလဲ ဆိုတာကို အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ