FIFA ကွန်ပျူတာ အချက်အလက်တွေ သိမ်းဆည်း

fifa zurich ဓာတ်ပုံ မူပိုင် Getty
Image caption FIFA ဥက္ကဋ္ဌဟောင်း Sepp Blatter

FIFA ဘောလုံး အဖွဲ့ချုပ် ဇူးရစ်မြို့ ရုံးက ကွန်ပျူတာ အချက်အလက် တွေကို ခြစားမှု စုံစမ်းရေး အတွက် ဆွစ်ဇာလန် ရဲက သိမ်းဆည်း လိုက်ပါတယ်။

အမေရိကန် FBI ထောက်လှမ်းရေးနဲ့ ဆွစ်ဇာ လန် အာဏာပိုင် တွေက၂ဝ၁၈ နဲ့ ၂ဝ၂၂ ရုရှ နဲ့ ကာတာ မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလားပွဲ တွေ ကျင်းပခွင့် အတွက် FIFA ဘယ်လို ရွေးချယ် ဆုံးဖြတ် ခဲ့တယ် ဆိုတာ အပါအဝင် ကိစ္စ ရပ်တွေကိုလည်း သီးခြား စစ်ဆေး မေးမြန်း နေပါတယ်။

FIFA ရဲ့ နုတ်ထွက်သွားတဲ့ ဥက္ကဋ္ဌဟောင်း Sepp Blatterနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို လည်း ယူသွားတယ်လို့ ဆွစ်ဇာလန် ရဲနဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ