တရုတ် လုံခြုံရေး အကြီးအကဲဟောင်း တစ်ကျွန်းကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဖြစ်ခဲ့စဉ်က ဂျိုယုံခန်း။

တရုတ် နိုင်ငံမှာ ကွန်မြူနစ် အုပ်စိုးမှု ကာလအတွင်း ခြစားမှုနဲ့ စွဲဆို ခံရသူတွေထဲမှာ အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး အကြီးအကဲဟောင်း ဂျိုယုံခန်း Zhou Yongkang ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ် လိုက်ပါတယ်။

သူဟာ လာဘ်ယူမှု၊ အာဏာ အလွဲသုံးမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု တွေနဲ့ အပြစ်ရှိတဲ့ အတွက် ပြစ်ဒဏ် ချမှတ်ခံရတာလို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

မစ္စတာ ဂျိုယုံခန်းဟာ သူ အငြိမ်းစား ယူခဲ့တဲ့ ၂၀၁၂ ခုနှစ် အထိ တရုတ် နိုင်ငံရဲ့ အာဏာအရှိဆုံး လူတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သူ အငြိမ်းစား ယူပြီး တစ်နှစ် အကြာမှာ သမ္မတ ရှီ ကျင်းပင်ရဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်တွေကြောင့် အဖမ်းခံခဲ့ရတာပါ။

သူဟာ တိယန်ကျင်း မြို့မှာ တံခါးပိတ် ကြားနာမှု အတွင်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ အယူခံ ဝင်သွားမှာ မဟုတ်ကြောင်း ဆင်ဟွာ သတင်းဌာန အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ