ဖီဖာနဲ့ လက်တွဲ ဆောင်ရွက်မှု အင်တာပိုလ် ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် AFP
Image caption လက်တွဲတဲ့ အဖွဲ့တွေက အင်တာပိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်တယ်လို့ ဆို။

ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အဂတိ လိုက်စားမှုနဲ့ ပတ်သက်တဲ့ စွဲဆိုချက်တွေ ထွက်ပေါ် လာခဲ့ပြီးနောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်နဲ့ ဖီဖာ တို့အကြား သဘောတူညီထားတဲ့ ယူရို သန်း၂၀ တန် အစီအစဉ် တစ်ခုကို အင်တာပိုလ် ဘက်က ဆိုင်းငံ့ လိုက်ပါတယ်။

Integrity in Sport ဆိုတဲ့ ၁၀ နှစ် စီမံကိန်း အစီအစဉ် အတွက် ယူရိုငွေ သန်း ၂၀ ကို ဖီဖာ အဖွဲ့ချုပ်က နိုင်ငံတကာ ရဲတပ်ဖွဲ့ကို ၂၀၁၁ ခုနှစ်တုန်းက ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်ဟာ ဘောလုံးလောက အတွင်း ပွဲစဉ်တွေကို ကြိုးကိုင် ချယ်လှယ်ပြီး လုပ်ပွဲ ကစားတာနဲ့ တရားမဝင် လောင်းကစားမှု ပြုလုပ်တာတွေကို ကာကွယ် တားဆီးဖို့ ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

လက်တွဲ ဆောင်ရွက်တဲ့ ပြင်ပ အဖွဲ့အစည်းတွေ အားလုံးဟာလည်း အင်တာပိုလ်ရဲ့ အခြေခံ စံနှုန်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာသင့်တယ်၊ အဲဒီလို မလိုက်နာတဲ့ ဖီဖာရဲ့ အစီအစဉ်ကို ဆိုင်းငံ့ သင့်တယ်လို့ အင်တာပိုလ် အတွင်းရေးမှူးချုပ် Juergen Stock ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကျင့်ပျက် ခြစားမှု စွဲချက်တွေအတွက် ဖီဖာ အဖွဲ့ချုပ်ဟာ အမေရိကန်နဲ့ ဆွစ်ဇာလန် နိုင်ငံတို့ရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ