ဒါးလတ်စ်မြို့ ရဲဌာနချုပ်နား တိုက်ခိုက်မှုဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption သံသယ ရှိသူတွေနောက်ကို ရဲက လိုက်နေ

အမေရိကန် ပြည်ထောင်စု ဒါးလတ်စ် မြို့မှာ ရှိတဲ့ ရဲဌာနချုပ် နားမှာ သံချပ်ကာ တပ်ဆင် ထားတဲ့ ဗင်ကား တစင်းပေါ် ကနေ သေနတ်နဲ့ ပစ်ခတ်မှု တခု ဖြစ်ခဲ့ ပါတယ်။

အဲဒီကား ထဲက လူတွေက သေနတ်နဲ့ မပစ်ခင် ရဲကား တစင်းကိုလည်း ဝင်တိုက် ခဲ့ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်သူလို့ သံသယ ရှိသူတွေ နောက်ကို ရဲက ကားနဲ့ လိုက်နေ တယ်လို့ သတင်း တွေက ဆိုပါတယ်။

အဲဒီ ဧရိယာ ထဲမှာ ဖောက်ခွဲရေး ပစ္စည်း တွေလည်း တွေ့ခဲ့ရ ပြီး စက်ရုပ်နဲ့ ဖယ်ရှားဖို့ လုပ်နေစဉ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ ပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ဘာကြောင့် လုပ်ခဲ့ သလဲဆိုတာ မသိရ သေးပါဘူး။