ဒါး​လတ်စ် ရဲ​ဌာ​ချုပ်​ကို တိုက်ခိုက်​ခဲ့​သူ​ကို အသေ​ပစ်ခတ် ဖမ်းဆီး

dallas_304x171 ဓာတ်ပုံ မူပိုင် AP
Image caption ဂျိမ်းစ် ဘဲလ်ဝဲ ဟာ သူ့ရဲ့ သား ကို ထိန်းသိမ်း စောင့်ရှာက် ခွင့် လက်လွှတ် ဆုံးရှုံး ခဲ့ရ တဲ့ အတွက် ရဲ တွေ အပေါ် အာဃာတ ထား နေသူ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ ဒါးလတ်စ် မြို့ မှာ ရဲ ဌာနချုပ် အဆောက် အအုံ ကို ဝင်ရောက် တိုက်ခိုက် ခဲ့ သူ ကို အသေ ပစ်ခတ် ဖမ်းဆီး လိုက် ပါတယ်။

အဲဒီ့ သူဟာ ကိုယ်ထည် ကို သံချပ်ကာ ကား သဖွယ် ပြုလုပ် ထားတဲ့ မော်တော် ယာဉ် ကို မောင်းနှင် ပြီး ရဲ ဌာန ချုပ် ရှိရာ လာရောက် ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

၁၀ မိုင် နီးပါး အဲဒီ့ ကား နောက် က လိုက် လံ ဖမ်း ဆီး ပိတ် ဆို့ ထား ခဲ့ ပြီး တဲ့ နောက် ရဲ လက်ဖြောင့် တပ် သား တစ်ဦး က ကား အရှေ့ မှန် ကနေ တဆင့် အသေ ပစ်သတ် ခဲ့တာ ဖြစ် ပါတယ်။

အဲ့ဒီ့ နောက် တော့ ကား ထဲ မှာ တွေ့ ရတဲ့ လက်လုပ်ဗုံး တွေ ကို ရဲ တွေ က ထိန်းချုပ် ဖောက်ခွဲ ခဲ့တဲ့ အတွက် ကားဟာ မီး လောင် သွား ပါတယ်။

အဲဒီ့ သူ ဟာ ဂျိမ်းစ် ဘဲလ်ဝဲ အမည် ရှိ တဲ့ သူ ဖြစ် ပြီး အကြမ်းဖက် သမား တစ်ဦး အနေ နဲ့ ရဲ တွေ က သတ်မှတ် တာ ခံခဲ့ ရလို့ သူ့ရဲ့ သား ကို ထိန်းသိမ်း စောင့်ရှာက် ခွင့် လက်လွှတ် ဆုံးရှုံး ခဲ့ရ တဲ့ အတွက် ရဲ တွေ အပေါ် အာဃာတ ထား နေသူ ဖြစ် ကြောင်းဒါးလတ်စ် ရဲ တွေ က ဆိုပါတယ်။

ဒီ ဖြစ်ရပ် မှာ ဂျိမ်းစ် ဘဲလ်ဝဲ က လွဲ ပြီး တခြား အသေ အပျောက် ထိခိုက် ဒဏ်ရာ ရသူ မရှိ ခဲ့ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ