ဆူဒန်သမ္မတကို ICC ကို လွှဲပေးမလား ကြားနာစစ်ဆေးမယ်

_sudanese_president_omar_al-bashir ဓာတ်ပုံ မူပိုင် EPA
Image caption မစ္စတာ အယ်လ် ဘရှား ကို စစ်ရာဇဝတ် မှု၊ လူမျိုးတုန်း သတ်ဖြတ် မှု ဆွဲချက် တွေ နဲ့ ICC က အလို ရှိနေ။

တောင်အာဖရိက နိုင်ငံ မှာ ရောက်ရှိ နေတဲ့ ဆူဒန် သမ္မတ အိုမာ အယ်လ် ဘရှား တိုင်းပြည် ထဲ က ပြန်လည် ထွက်ခွာ မှာ ကို တားဆီး တဲ့ ယာယီ အမိန့် ကို တောင်အာဖရိက တရားရုံး က သက်တမ်း တိုး လိုက် ပါတယ်။

မစ္စတာ အယ်လ် ဘရှား ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC ထံ ကို လွှဲပြောင်း ပေးဖို့ မပေး ဖို့ ဆုံးဖြတ်မယ့် ကြားနာ စီရင် မှု တစ်ရပ် ကို လည်း ဒီနေ့ ဂျွန် ၁၅ ရက် တနင်္လာနေ့ မှာ ပြုလုပ် မှာ ဖြစ် ပါတယ်။

မစ္စတာ အယ်လ် ဘရှား ကို စစ်ရာဇဝတ် မှု၊ လူမျိုးတုန်း သတ်ဖြတ် မှု ဆွဲချက် တွေ နဲ့ ICC က အလို ရှိနေတာ ဖြစ်ပါတယ်။

မစ္စတာ အယ်လ်ဘရှား ဟာ အာဖရိက နိုင်ငံများ သမဂ္ဂ ရဲ့ ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ တောင်အာဖရိက နိုင်ငံ မှာ ရောက်ရှိ နေတာ ဖြစ် ပါတယ်။

ဆူဒန် နိုင်ငံခြားရေးရာ ဝန်ကြီး ကတော့ မစ္စတာ အယ်လ်ဘရှား မှာ ဘယ်လို အန္တရာယ် မျိုး နဲ့ မှ တွေ့ကြုံ မနေရဘူး ဆိုပြီး ပြောသလို၊ ထိပ်သီး အစည်းအဝေးပွဲ ပြီးရင် ဆူဒန် နိုင်ငံ ကို ပြန် လည် ထွက်ခွာ မှာ မှာ ဖြစ် တယ် လို့ လည်း ဆိုပါတယ်။

အာဖရိက နိုင်ငံများ သမဂ္ဂ အနေနဲ့ ICC နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ ငြင်းဆန် ထား ပေမယ့်၊ ထိပ်သီး အစည်းအဝေး လက်ခံ ကျင်းပ နေတဲ့ တောင်အာဖရိက နိုင်ငံ ကတော့ ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တာ နဲ့ အညီ မစ္စတာ အယ်လ်ဘရှား ကို ဖမ်းဆီး ထိန်းသိမ်း ဖို့ ICC က တောင်းဆို ချက် အပေါ် လိုက်နာ ဖို့ရာ ဥပဒေ အရ တာဝန် ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ