ကမ္ဘာတလွှား အိုးအိမ်စွန့်ရသူ ၂၀၁၄ မှာ သန်း ၆၀ ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် တိုးပွားမှုမှာ ဆီးရီးယား ပြည်တွင်းစစ်က အဓိက အကြောင်းတစ်ခု ဖြစ်။

ကမ္ဘာတလွှားမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည် အရေအတွက်ဟာ ၂၀၁၄ ခုနှစ် စာရင်းတွေ အရ စံချိန်တင် သန်း ၆၀ နီးပါး အထိ ရှိသွားပြီလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။

အိုးပစ် အိမ်ပစ် ပြေးကြရသူ အရေအတွက်ဟာ ၂၀၁၃ ခုနှစ်ကထက် ၈ ဒသမ ၃ သန်း ပိုများလာတာ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အဲဒီလို တိုးပွားလာတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက် တာဝန်ယူနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့လည်း ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မင်းကြီး Antonio Guterres က ပြောပါတယ်။

ဆီးရီးယားမှာ တောက်လျှောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဒုက္ခသည်တွေ တိုးပွားလာမှုရဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

ပျမ်းမျှ နေ့စဉ် အရေအတွက်နဲ့ ဆိုရင် ၂၀၁၃ ခုနှစ်မှာ တစ်နေ့ကို ဒုက္ခသည်ပေါင်း ၃ သောင်း ၂ ထောင် ထွက်ပြေး ခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ နေ့စဉ် ထွက်ပြေးသူ ၄ သောင်း ၂ ထောင့် ၅ ရာ ရှိလာတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ