ထိပ်​သီး​အစည်းအဝေး​မှာ ဂ​ရိ​အရေး အဖြေ​ရ​လာ​မယ်​လို့ အာမမခံ

_greece ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ ဘဏ် တွေ ကို အရေးပေါ် ရံပုံ ငွေ တွေ ထပ်ဆောင်း ပေး မယ် ဆိုပြီး ဥရောပ ဗဟိုဘဏ် က ခွင့်ပြု ထား။

ဂရိ နိုင်ငံ နဲ့ နိုင်ငံတကာ မြီရှင် တွေ အကြား သဘောတူ ညီ မှု အရင် ရထား ပါမှ လာမယ့် တနင်္လာ နေ့ မှာ ပြုလုပ်မယ့် ဥရောပ ခေါင်းဆောင် တွေ ရဲ့ အရေး ပေါ် အစည်း အဝေး ကနေ ဂရိ ရဲ့ ဘဏ္ဍာရေး အကြပ် အတည်း ကို ဖြေရှင်း နိုင် မှာ ဖြစ်တယ် လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ပြောလိုက် ပါတယ်။

အဲဒီ လို မှ မဟုတ်ရင် တနင်္လာနေ့ ထိပ်သီး အစည်း အဝေး ဟာ ထိရောက် မှာ မဟုတ် ပဲ အကြံပြု ချက် တွေသာ လုပ်ဆောင် နိုင် မယ့် ပုံစံ ရှိတယ် လို့ လည်း ဝန်ကြီးချူပ် မာ့ခဲလ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ထဲ မှာ တင် ယူရို ငွေ သန်း ၄ ထောင် ငွေ ထက် မက ငွေ တွေ ထွက် သွား ရတယ် ဆိုတဲ့ ဂရိ ဘဏ် တွေ ကို အရေးပေါ် ရံပုံ ငွေ တွေ ထပ်ဆောင်း ပေး မယ် ဆိုပြီး ဥရောပ ဗဟိုဘဏ် က ခွင့်ပြု ထား ပါတယ်။

ဒါပေမယ့် ဥရောပ ဗဟိုဘဏ် ရဲ့ အဲဒီ့ ဂရိ ဘဏ် တွေ ကို ကယ် ဆယ်ရေး ရံပုံငွေ တွေ ကို ချက်ခြင်း လွှဲ ပေး မှာ မဟုတ်ပဲ ဂရိ အစိုးရ ဘက်က သူတို့ရဲ့ စီးပွားရေး မူဝါဒ ကို ပြုပြင် ပြောင်း လဲရေး တွေ လုပ်ဆောင် ပြဖို့ ဆက်လက် ညှိနှိုင်း နေကြ ရဆဲ ဖြစ် ပါတယ်။

ဒီ အချိန် မှာ ပဲ ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် က တော့ ရုရှား နိုင်ငံ ကို ဇွန် လ ၁၉ ရက် နေ့ က သွားရောက် နေ ပါတယ်။

အလက်ဆီ ဆီးပရပ်စ် ရဲ့ အဲဒီ့ ခရီးစဉ် အတွင်း မှာ ဂရိ ကို ရုရှား က နေ ဘဏ္ဍရေး ဆိုင်ရာ အထောက်ပံ့ တွေ ပေးရေး ကိစ္စ ကို ရုရှား သမ္မတ ပူတင် က မဆွေးနွေး ခဲ့ဘူး ဆိုပြီး ရုရှား အစိုးရ က ထုတ်ပြန် ပါတယ်။

၂ နိုင်ငံကြား ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက် ဖို့ တော့ လက်မှတ် ရေးထိုး ခဲ့ ကြ ပါတယ်။

ရုရှား ဟာ ဂရိ နိုင်ငံ ရဲ့ အရေးကြီးဆုံး မိတ်ဖက် နိုင်ငံ တွေ ထဲ ပါဝင် တယ် ဆိုပြီး ဂရိ ဝန်ကြီးချုပ် က ပြောခဲ့ ပါတယ်။

ဒါ့အပြင် ဂရိ အနေနဲ့ အခု ဆိုရင် ပိုမို လုံခြုံရာ ဆိပ်ကမ်း တွေ ကို ရှာဖွေ ဖို့ ပင်လယ် သစ် မှာ ရွက်လွှင့် နေ ပြီ လို့ လည်း ဝန်ကြီး ချုပ် ဆီးပရပ်စ် က ပြောခဲ့ ပါသေဒတယ်။

ဒီ စကား အရ တကယ် လို့ ဂရိ ဟာ ယူရို ငွေကြေး အဖွဲ့ ထဲ က နေ နှုတ် ထွက် ရဖို့ ဖြစ် လာပြီ ဆိုခဲ့ ရင် ရုရှား ဆီ ကနေ နိုင်ငံခြား အကူ အညီ အထောက် အပံ့ တွေ ရယူ မယ် ဆိုတာ ကို ထင်ထင်ရှား ရှား ပြော လိုက် တာ ပဲ ဖြစ် ပါတယ်။

ဒါပေမယ့် ရုရှား အစိုး ရ ကိုယ်တိုင်လည်း ခြိုးခြံ ရေး လမ်းကြောင်း ပေါ် လျှောက် နေရာ ဖြစ် တဲ့ အတွက် ဂရိ ဘဏ် တွေ ကို သူ့ တစ်နိုင်ငံ ထဲ ကနေ တာဝန် ယူ ကယ်တင် ပေးဖို့ အခြေ အနေ မှာ မရှိ ဘူး ဆိုပြီး လေ့လာသူ တွေ က သုံးသပ် နေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ