လူသတ်မှု သံသယရှိခံရသူရဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်တက်လာ

dylann_roof_burning_us_flag ဓာတ်ပုံ မူပိုင် NA
Image caption ဓာတ်ပုံ တွေနဲ့ အတူ လူမျိုးရေး ခွဲခြားတဲ့ ဝါဒ ကြေညာစာတမ်း တစ်စောင် ဟာ ဝက်ဘ်ဆိုက် တစ်ခု ပေါ် တက်လာ။

အမေရိကန် ပြည်ထောင်စု ချားလ်စ်တန် မြို့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းထဲ မှာ အာဖရိက နွယ်ဖွား အမေရိကန် ၉ ဦး ကို ပစ်သတ်ခဲ့မှု နဲ့ ဖမ်းဆီး တရားစွဲ ဆို ခံထား ရတဲ့ ဒီလန်ရော့ဖ် ရဲ့ အရင်က ရိုက်ခဲ့တဲ့ ဓာတ်ပုံ တချို့ အင်တာနက် အွန်လိုင်း ပေါ် တက်လာ ခဲ့တာ မှာ အမေရိကန် နိုင်ငံ အလံ ကို မီးရှို့ နေတဲ့ ပုံ လည်း ပါဝင် ပါတယ်။

အမေရိကန် ပြည်တွင်း စစ်ကာ လ က ကျွန်စံနစ် ဖျက်သိမ်းရေး ကို ကန့်ကွက် ခဲ့ကြတဲ့ တောင်ဘက် ပြည်နယ် တွေ ရဲ့ တပ်ပေါင်းစု ကွန်ဖဲဒရိတ် အလံ နဲ့ အတူ သေနတ် ကိုင် ဆောင် ထားတဲ့ ပုံ ကိုလည်း တွေ့ရ ပါတယ်။

အဲဒီ့ ဓာတ်ပုံ တွေ နဲ့ အတူ လူမျိုးရေး ခွဲခြား တဲ့ ဝါဒ ကြေညာစာတမ်း တစ်စောင် ဟာ ဝက်ဘ်ဆိုက် တစ်ခု ပေါ် တက် လာ တာ ဖြစ်ပြီး ဘယ်သူ ဘယ်ဝါက အခုလို တင်လိုက် သလဲ ဆိုတာ တော့ မသိရ ပါဘူး။

အမေရိကန် ထောက်လှမ်းရေး FBI က ဒီကိစ္စ အပေါ် စုံစမ်း လျှက် ရှိပါတယ်။

သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့ တဲ့ တောင်ကာရိုလိုင်းနား ပြည်နယ် ချားလ်စ်တန် မြို့ ဘုရားရှိခိုး ကျောင်း ကတော့ ဇွန်လ ၂၁ ရက် တနင်္ဂနွေ နေ့ မှာ ပြန်လည် ဖွင့်လှစ် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ