Charleston ဘုရားကျောင်းမှာ ၀တ်ပြုပွဲတွေ ပြန်လုပ်

ဓာတ်ပုံ မူပိုင် Getty
Image caption လက်ချင်း ချိတ်ဆက်ပြီး ငြိမ်းချမ်းရေး သင်္ကေတ ဖေါ်ဆောင်

အမေရိကန်နိုင်ငံမှာ ကျမ်းစာ သင်တန်း တက်နေတဲ့ လူ၉ဦး သေနတ် ပစ်သတ် ခံခဲ့ရတဲ့ Charlestonမြို့ အာဖရိကန် အမေရိကန် ဘုရားကျောင်းမှာ ဝတ်ပြု စည်းဝေး အစီအစဉ်တွေ အခုအခါ ပြန်ကျင်းပနေပါပြီ။

စည်းလုံး ညီညွတ်မှုကို ပြတဲ့အနေနဲ့ South Carolina ပြည်နယ် တဝှမ်းက ဘုရားကျောင်း အတော်များများမှာ ခေါင်းလောင်းတွေ တချိန်ထဲ ထိုးကြမှာဖြစ်သလို လူတွေ လက်ချင်းချိတ်ပြီး ငြိမ်းချမ်းရေး သင်္ကေတကို ဖေါ်ဆောင်တဲ့ အစီအစဉ်တွေ မကြာခင် ကျင်းပသွားဖို့ ရှိပါတယ်။

သေနတ်ပစ်ခတ်ခဲ့သူ အသက် ၂၁နှစ်အရွယ် Dylann Roof Onlineပေါ်မှာ ရေးခဲ့ပုံရတဲ့ စာတွေကို FBI ထောက်လှမ်းရေးအဖွဲ့က စစ်ဆေးကြည့်ရှုနေပါတယ်။