ကြွေး​မြီ​ပြဿနာ ဖြေ​ရှင်း​ဖို့ ဂ​ရိ​က အကြံ​ပြု​ချက်​အသစ်​တွေပြုလုပ်

tsipras_juncker ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိဝန်ကြီးချုပ်နဲ့ ဥရောပကော်မရှင် ဥက္ကဌတို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဂရိ ကြွေးမြီ ပြဿနာ နဲ့ ပတ်သက်ပြီး ယူရို ငွေကြေး အဖွဲ့ နိုင်ငံ တွေ ဆွေးနွေး ကြမယ့် တနင်္လာနေ့ ထိပ်သီး အစည်းအဝေး အကြို တစ်ရက် မှာပဲ ဂရိ အစိုးရ က အကြံပြု တင်ပြချက် အသစ် တွေ ရေးဆွဲ လိုက်ပါတယ်။

ဂရိ အစိုးရ ရဲ့ အခု အကြံပြု ချက် အသစ် တွေ ဟာ နှစ်ဦးနှစ်ဘက် အကျိုးရှိ စေဖို့ ရည်ရွယ် ထားတာ ဖြစ်တယ် လို့လည်း ဂရိ အာဏာပိုင် တွေ က ဆိုပါတယ်။

အကြံပြု ချက်ပါ အသေးစိတ် အချက်အလက် တွေကို မထုတ်ပြန် ပေမယ့် ဂရိ ဝန်ကြီးချုပ် အလက်ဇီ ဆီးပရပ်စ် အနေနဲ့ သူ့ရဲ့ အကြံပြုချက် အသစ်တွေ နဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးထားတယ် လို့ ဆိုပါတယ်။

ဂရိ ပါလီမန် အရှေ့ မှာလည်း ဘတ်ဂျက် အသုံး စရိတ် ဖြတ်တောက် လျှော့ချ ရေး မူဝါဒ ကို ဆန့်ကျင် တဲ့ သူတွေ လာရောက် ဆန္ဒပြခဲ့ ကြပါတယ်။

ဂရိ နိုင်ငံ အနေနဲ့ ကြွေးမြီ ပြန်လည် မဆပ် နိုင်တဲ့ နိုင်ငံ အဆင့်အတန်း ကနေ ရှောင်လွှဲ နိုင်ဖို့ ဆိုရင် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF အပေါ် တင် နေတဲ့ ဒေါ်လာ ၁.၆ ဘီလျံ ကို ဒီလ အကုန် မှာ ပြန် လည် ပေးဆပ် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ