ခွဲခြားမှု ပပျောက်ဖို့ အိုဘားမား ပြော

charleston ဓာတ်ပုံ မူပိုင် Reuters
Image caption ချားလ်စတန် မြို့ လူမည်း ဘုရားကျောင်း ကို တိုက်ခိုက်ခံရ

အမေရိကန် သမ္မတ အိုဘားမားက အမေရိကန်မှာ လူမျိုးခွဲခြားမှု ပပျောက်ရေး အတွက် ဆက်ကြိုးပမ်းကြဖို့ ရေဒီယိုကနေ ပြင်းပြင်းထန်ထန် ပြောကြား သွားခဲ့ပါတယ်။

အမေရိကန်မှာ ကျေးကျွန် စနစ်ရဲ့ အရိပ်မည်းကြီး ကျန်နေဆဲဖြစ်တယ်လို့ ချားလ်စတန် မြို့က လူမည်း ဘုရားကျောင်း ကို တိုက်ခိုက်ခံရမှု ဖြစ်ပြီး ၅ ရက် အကြာမှာ သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

သူ့ဘဝ တလျှောက် လူဖြူ လူမည်း ဆက်ဆံရေး အများကြီး တိုးမြှင့် ပြောင်းလဲလာတာ တွေ့ခဲ့ရ ပေမယ့် လူမျိုး ရေး ခွဲခြားတယ် ဆိုတာ လူကြား ထဲမှာ နီဂရိုးလို့ သုံးတာ မယဉ်ကျေးဘူး ဆိုတာ လောက်တင် မဟုတ်ဘူးလို့ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

အမေရိကန်မှာ ခွဲခြား ဆက်ဆံမှု ကို ပပျောက်အောင် ကုသလို့ မရသေးဘူးလို့ လည်း သူက သတိပေး ပြောဆို သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ