တရုတ် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချမယ်

china climate ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် ကမ္ဘာမှာ ဖန်လုံအိမ် ဓာတ်ငွေ့ အများဆုံး ထုတ်

တရုတ် နိုင်ငံက ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး အတွက် ဆောင်ရွက်သွားမယ် လို့ ကုလ သမဂ္ဂကို ကတိပြု ခဲ့ပါတယ်။

ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး ဟာ အရင်က တရုတ် နိုင်ငံ မှာ ပြည်တွင်းရေး သက်သက်လို့ ယူဆ ခဲ့တဲ့ ကိစ္စ တရပ် ဖြစ်ပါတယ်။

လာမယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ တရုတ် နိုင်ငံ ရဲ့ စွမ်းအင် ၂ဝ ရာခိုင်နှုန်းကို ပြန်လည် အသုံးပြု နိုင်တဲ့ ရင်းမြစ် တွေက နေ ထုတ်သုံးဖို့ ရည်ရွယ် ထားတယ် လို့ တရုတ် ဝန်ကြီးချုပ် လီကပ်ချီယန်း က ပြောပါတယ်။

တရုတ်ပြည် ရဲ့ ကာဗွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ကို လာမယ့် ၂ဝ၃ဝ ပြည့်မှာ အများဆုံး လျှော့ချ ဖြတ်တောက် သွားနိုင်အောင် လုပ်မယ် လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း နဲ့ ပါရီ မြို့ မှာ တွေ့ဆုံ ပြီးနောက် တရုတ် ဝန်ကြီးချုပ်က ဆိုပါတယ်။

ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံကြီး ဖြစ်တဲ့ တရုတ် နိုင်ငံဟာ ကမ္ဘာမှာ ဖန်လုံအိမ် ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ပါရီမှာ ဒီဇင်ဘာလ မှာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။

အလားတူပဲ ၂ဝ၃ဝ ပြည့်နှစ်မှာ ပြန်လည် အသုံးချ လို့ ရတဲ့ စွမ်းအင် ရင်းမြစ် တွေကို တိုးမြှင့် အသုံးချမယ့် အစီအစဉ် တွေကို အမေရိကန် နဲ့ ဘရာဇီး တို့က ကြေညာ ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ