လိုင်ဘေးရီးယားမှာ အီဘိုလာ ရောဂါ ပြန်တွေ့ပြန်

ဓာတ်ပုံ မူပိုင် AP
Image caption အီဘိုလာကြောင့် အနောက်အာဖရိကမှာ လူတစ်သောင်းကျော် သေဆုံးခဲ့။

လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ရောဂါ ကင်းစင်ကြောင်း ကြေညာပြီးကတည်းက ပထမဆုံး အဖြစ် အီဘိုလာကြောင့် သေဆုံးခဲ့သူ တစ်ဦးကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

၁၇ နှစ်အရွယ် လူငယ်တစ်ဦးဟာ အီဘိုလာ ကူးစက်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ လိုင်ဘေးရီးယား ကျန်းမာရေး ဒုဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။

လိုင်ဘေးရီးယားမှာ အီဘိုလာ ကင်းစင်ကြောင်း လွန်ခဲ့တဲ့ သီတင်း ၆ ပတ်က ကြေညာ ခဲ့တာဖြစ်ပြီး၊ အခု အဲဒီ လူငယ် ဘယ်လို ရောဂါ ကူးစက်ခံရတယ် ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အီဘိုလာ ရောဂါကြောင့် ၂၀၁၃ ဒီဇင်ဘာ နောက်ပိုင်းမှာ လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီယာရာ လီယွန်း နိုင်ငံတွေက လူအများစု ပါဝင်တဲ့ လူ တစ်သောင်း တစ်ထောင်ကျော် သေဆုံး ခဲ့ရပါတယ်။

အခုနောက်ပိုင်းမှာ အီဘိုလာ ကူးစက် ပျံ့ပွားမှုကို အဲဒီ နိုင်ငံတွေမှာ ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အနောက် အာဖရိကမှာ မိုးရာသီ ရောက်ရှိလာတာနဲ့ အတူ ရောဂါ ဖြစ်ပွားမှု အသစ်တွေ ထပ်မံ တွေ့ရှိ လာရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ