ဆက်​ဘ​ရက်​နစ်​ဆာ​အရေး ကုလ​ဆုံးဖြတ်ချက် ရုရှား ဗီ​တို​သုံး ပယ်​ချ

bosnian_muslim_woman ဓာတ်ပုံ မူပိုင် AFP
Image caption ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဥရောပ မှာ ဖြစ်ပေါ် ခဲ့တဲ့ အဆိုးရွားဆုံး အစုလိုက် အပြုံ လိုက် သတ်ဖြတ် ခဲ့ မှု။

ဆက်ဘရက်နစ်ဆာ မြို့ မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်ခဲ့ တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှု ကို လူမျိုးတုန်း သတ်ဖြတ် မှု အနေနဲ့ ကုလသမဂ္ဂ က ရှုတ်ချမယ် ဆိုတာ ကို ရုရှား က ဗီတို သုံးပြီး ပယ်ချ လိုက် ပါတယ်။

မွတ်ဆလင်မ် အမျိုးသားနဲ့ ယောက်ကျားလေး တွေ စုစုပေါင်း ၈ ထောင် ကို ဆက်ဘရက်နစ်ဆာ မြို့ မှာ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့ တွေ က သတ်ဖြတ် ခဲ့တာ ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဥရောပ မှာ ဖြစ်ပေါ် ခဲ့တဲ့ အဆိုးရွားဆုံး အစုလိုက် အပြုံ လိုက် သတ်ဖြတ် ခဲ့ မှု ဖြစ်ပါတယ်။

လူမျိုးတုန်း သတ်ဖြတ် မှု အနေနဲ့ က ရှုတ်ချမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ဟာ အငြင်းပွား ဖွယ် ဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက် တွေ ပါဝင် နေတယ် လို့ ရုရှား က ပြောပါတယ်။

ဒီ ဆုံးဖြတ်ချက် ကို ပြင်ဆင် ပြုစု ခဲ့တဲ့ ဗြိတိန် က တော့ ရုရှား အစိုးရ ရဲ့ ဗီတို သုံးမှု ဟာ အင်မတန် အရုပ်ဆိုး ပြီး လူမျိုးတုန်း သတ်ဖြတ် မှု အတွင်း သေဆုံး ခဲ့ ကြရသူ တွေ ကို အလေးမထား ရာ ရောက် တယ်လို့ ဆိုပါတယ်။

တရုတ်၊ နိုင်ဂျီးရီးယား၊ အန်ဂိုလာ နဲ့ ဗင်နီဇွဲလား နိုင်ငံတွေ လည်း ဒီဆုံးဖြတ်ချက် ကို အတည်ပြု မလား ဆိုတာ မဲခွဲ ကြတုန်း က မဲ မထည့်ပဲ နေခဲ့ ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ