ဂရိရဲ့ အဆိုပြုချက်အသစ် ပြည့်စုံမှု ရှိတယ်လို့ ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption လူထု ဆန္ဒခံယူပွဲတုန်းက ကန့်ကွက်ထားတဲ့ အချက်တွေကို ပြန်ထည့်သွင်းပြီး ဂရိ ဝန်ကြီးချုပ်က အဆိုပြုချက် တင်သွင်းခဲ့။

ဂရိ နိုင်ငံက နောက်ဆုံး တင်ပြခဲ့တဲ့ အဆိုပြုချက် တွေဟာ ပြည့်ပြည့်စုံစုံ ရှိပြီး လက်ခံ နိုင်လောက်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဒ်က ပြောပါတယ်။

ဂရိ တင်ပြခဲ့တဲ့ အဆိုပြုချက် တွေကို ကြည့်ရင် ဂရိဟာ ယူရိုဇုန်ထဲမှာ ဆက်ရှိနေဖို့ ဆန္ဒ ရှိနေတယ် ဆိုတာကို ပြသနေတယ်။ ဒါကြောင့် အဖြေတခု ရနိုင်ဖို့ အတွက် ဆွေးနွေးပွဲတွေ ပြန်လည် စတင်ရမယ်လို့ မစ္စတာ အော်လန်းဒ် ပြောသွားခဲ့ပါတယ်။

ဂျာမန် အစိုးရကတော့ ဂရိရဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုဖို့ အချိန် စောလွန်း သေးတယ်လို့ ပြောပါတယ်။

ဂရိ ဝန်ကြီးချုပ် အလက်စီ ဆစ်ပရပ်စ်က နောက်ထပ် ဒေါ်လာ ဘီလျံ ၆၀ လောက် တောင်းခံထားပြီး အပြန်အလှန် အနေနဲ့ ပင်စင်လစာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ အခွန် တိုးမြှင့်မယ့် အစီအမံ တွေကို တင်ပြ ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဆိုပြုချက် တွေဟာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ဥရောပ ကော်မရှင်နဲ့ ဥရောပ ဗဟိုဘဏ်တို့က လိုချင်တဲ့ အချက်တွေနဲ့ နီးစပ်မှု ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ