ရုပ်ရှင်မင်းသားကြီး အိုမာ ရှာရစ်ဖ် ကွယ်လွန်

omar sharif ဓာတ်ပုံ မူပိုင် epa
Image caption ပရိတ်သတ်တွေကို နှုတ်ဆက်သွားခဲ့ပြီ။

နာမည်ကျော် ရုပ်ရှင်မင်းသားကြီး အိုမာ ရှာရစ်ဖ် ဟာ အသက် ၈၃ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

သူဟာ Lawrence of Arabia နဲ့ Doctor Zhivago ရုပ်ရှင်တွေနဲ့ လူသိများ ထင်ရှား ခဲ့တာဖြစ်ပါတယ်။

အီဂျစ်ဖွား မင်းသားကြီးဟာ ၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Lawrence of Arabia ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆု ၂ ခု ဆွတ်ခူးခဲ့သလို အော်စကာဆုအတွက်လည်း ထည့်သွင်း စဉ်းစား ခံခဲ့ရပါတယ်။

နောက် ၃ နှစ် အကြာမှာ ရိုက်ကူးခဲ့တဲ့ Doctor Zhivago ရုပ်ရှင်နဲ့ နောက်ထပ် ရွှေကမ္ဘာလုံး ဆုတခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းတုန်းက သူဟာ အလ်ဇိုင်းမား ရောဂါကို ခံစားနေရပြီ ဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့်က ပြောခဲ့ပါတယ်။

မင်းသားကြီး အိုမာ ရှာရစ်ဖ် ဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ကိုင်ရိုမြို့က ဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။