ဂရိ ကြွေမြီကိစ္စ ယူရိုဇုံဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိဖက်က အဆိုပြုချက် အသစ်တင်ထား

ဂရိနိုင်ငံကို ကြွေးမြီ အကျပ်အတည်း ကနေ နောက်ထပ် ကူညီကယ်မ မှုတွေပေးသင့် သလားဆိုတာ ယူရိုဇုံ နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေ မကြာခင် တွေ့ဆုံ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ မြီရှင်တွေက အခွန်တိုးမြှင့်ရေး နဲ့ ပင်စင် စံနစ် ပြုပြင် ပြောင်းလဲရေး အပါအဝင် ခြိုးခြံ ချွေတာရေး အစီအစဉ် တွေကို ဆောင်ရွက်ဖို့ကို လိုက်နာ ရမယ်ဆိုတဲ့ အခြေခံနဲ့ ညှိနှိုင်းဖို့ ကြိုးစားတာ ဖြစ်ပေမယ့် ဂရိနိုင်ငံဖက်က အဲဒီလို လိုက်လုပ် မှာလား ဆိုတာကို နိုင်ငံ အတော်များများက သံသယ ရှိနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

သဘောတူညီချက် ရဖို့ဖြစ်နိုင်ခြေက တဝက်စီဘဲ ရှိတယ်လို့ အီးယူ အဆင့်မြင့် အရာရှိ တဦး ကပြောပါတယ်။

ဂရိအနေနဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့ ဒေါ်လာ ဘီလျံ ၆၀ ချေးယူ နိုင်ဖို့ မျှော်လင့် နေပါတယ်။