ဂ​ရိ​အစိုးရ​ကို ယုံ​ရ​မ​လား ယူ​ရို​ဝန်ကြီး​တွေ မ​ဆုံးဖြတ်​နိုင်

greece_bailout
Image caption ဂရိအစိုးရ အကြံပြုချက်ကို လက်ခံရမလား ဘရပ်ဆဲလ်မှာ ဆွေးနွေးနေ။

ဂရိ အစိုးရ ဟာ သူတို့ ကိုယ်တိုင် အကြံပြု ထားတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး စီမံချက် တွေ ကို တကယ်တမ်း လိုက်နာ အကောင်အထည် ဖော် မှာ ဖြစ်တယ် ဆိုတဲ့ အချက် ကို ယူရို ငွေကြေး အဖွဲ့ရဲ့ ဘဏ္ဍာရေး ဝန်ကြီး တွေ လက်ခံ လာအောင် ဂရိ ဘဏ္ဍာရေး ဝန်ကြီး က ဘရပ်ဆဲလ် မြို့ အစည်းအဝေး မှာ ကြိုးစား ပြီး စည်းရုံး ပြောဆို နေ ပါတယ်။

ဒီ အချက် ကို ယူရို အဖွဲ့ က လက်ခံ ယုံကြည် လာ မှ ဂရိ ဘဏ် တွေ ကို ကယ်ဆယ်ဖို့ လိုအပ် နေတဲ့ ယူရို ဘီလျံ ပေါင်း ၈၀ ကို ဂရိ အစိုးရ က ရရှိ နိုင် မှာ ဖြစ် ပါတယ်။

အခုလောလောဆယ် အခြေ အနေ မှာတော့ ယူရို ငွေကြေး အဖွဲ့ ရဲ့ အကြီး အကဲ ယေရူးန် ဒိုင်ဆာလ်ဘလွန်းမ် နဲ့ ဂျာမနီ ဘဏ္ဍာရေး ဝန်ကြီး ဗော်လ်ဂန် ရှေဘလာ တို့ ဟာ ဂရိ အစိုးရ အပေါ် အကြီးအကျယ် မယုံမကြည် ဖြစ် နေကြပါတယ်။

ဂရိ အစိုးရ က ပြုလုပ် သမျှ ကတိ တွေ အပေါ် သူ့ အနေနဲ့ ဆက်ပြီး ကိုးစား ယုံကြည် ဖို့ ဆိုတာ မဖြစ် နိုင်တော့ ဘူး လို့ မစ္စတာ ရှေဘလာ က ပြောခဲ့ ပါတယ်။

ဒါ့အပြင် ဂရိ နိုင်ငံ ကို ယူရို ငွေကြေး အဖွဲ့ ထဲ က ယာယီ နှုတ် ထွက် ကောင်း နှုတ်ထွက် ရလိမ့် မယ် လို့ လည်း ဂျာမနီ ဘက်က အကြံ ပြု ခဲ့ ပါတယ်။

ပြင်သစ် အပါအဝင် ဂရိ အပေါ် ပိုပြီး နားလည် ထောက်ခံ မှု ပေး နေတဲ့ ဥရောပ နိုင်ငံ တချို့ ကတော့ ဂျာမနီ ရဲ့ အကြံပြုချက် ကို သဘော မတူ ကြ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ