ရုရှား စစ်တန်းလျား ပြိုကျ၊ ၂၃ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption လေးထပ် စစ်တန်းလျား အဆောက်အဦ ညဘက် ပြိုကျခဲ့။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက Omsk မြို့မှာ ရှိတဲ့ လေးထပ် စစ်တန်းလျား အဆောက်အဦ တစ်ခု ပြိုကျလို့ စစ်သား ၂၃ ယောက် အသက်ဆုံးခဲ့ပါတယ်။

အပျက်အစီးပုံအောက် ပိတ်မိနေတဲ့ နောက်ထပ် စစ်သား ၁၉ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။

လွတ်မြောက်လာသူ တပ်သား တစ်ယောက်က သူတို့ အိပ်ပျော်နေစဉ် အဆောက်အဦ ပြိုကျခဲ့တာလို့ ရုရှား ရုပ်သံကို ပြောပြ ခဲ့ပါတယ်။

၄ ထပ် အဆောက်အဦမှာ အပေါက်ကြီး ဖြစ်နေတာကို ရုပ်သံ ပြကွက်တွေမှာ တွေ့ခဲ့ရပြီး စစ်သားတွေက တန်းစီလို့ အပျက်အစီးတွေ ရှင်းနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်က အဆောက်အဦ ပြန်လည် မွမ်းမံမှုတွေ လုပ်ခဲ့စဉ်က အရည်အသွေး မပြည့်မီတဲ့ လုပ်ငန်းတွေကြောင့် ပြိုကျရတာ ဖြစ်နိုင်တယ်လို့ မော်စကိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ