ဝါ​ရှင်​တန်​မှာ ကျူး​ဘား​သံ​ရုံး ဖွင့်​လိုက်ပြီ

_cuba_us
Image caption ကျူးဘား အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှု အပေါ် ရုတ်သိမ်း ပေး ခဲ့တာ ဟာ အင်မတန် အရေးပါတဲ့ အချက် ဖြစ်ခဲ့တယ် လို့ ကျူးဘား နိုင်ငံ ခြားရေး ဝန်ကြီး ဘရူနို ရော့ဒီရီးဂတ်ဇ် ပြော။

နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် အနေ နဲ့ ကျူးဘား နိုင်ငံ သံရုံး ကို အမေရိကန် ပြည် ထောင်စု မှာ ဖွင့်လှစ် နိုင်ခဲ့ တဲ့ အပေါ် အမေရိကန် အစိုးရ က ကြိုဆို လိုက် ပါတယ်။

အတိတ် မှာပဲ နေ ထိုင် မယ် ဆိုရင် ဘယ်လို အကျိုး ကျေးဇူးမျိုး မှ ရှိ မှာ မဟုတ် ဘူး ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

ဒါပေမယ့် ၂ နိုင်ငံကြား မှာ ဖြေရှင်း စရာ တွေ၊ ကွဲပြားမှု တွေ ရှိ နေ သေးပြီး ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင် နိုင်ဖို့ လုပ်ငန်းစဉ် ကတော့ ရှုပ်ထွေးကာ အချိန် ယူရ ဦးမှာ ဖြစ်တယ် လို့ လည်း ဝန်ကြီး ကယ်ရီ က သတိ ပေး ခဲ့ ပါတယ်။

ဝါရှင်တန် မြို့ က ကျူးဘား သံရုံး ဖွင့် ပွဲ မှာ ဝန်ကြီး ကယ်ရီ နဲ့ အတူ ကျူးဘား နိုင်ငံ ခြားရေး ဝန်ကြီး ဘရူနို ရော့ဒီရီးဂတ်ဇ် လည်း အတူ ရှိနေ ခဲ့ ပါတယ်။

ဝန်ကြီး ရော့ဒရီးကတ်ဇ် ကတော့ ကျူးဘား အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှု အပေါ် ရုတ်သိမ်း ပေး ခဲ့တာ ဟာ အင်မတန် အရေးပါတဲ့ အချက် ဖြစ်ခဲ့တယ် လို့ သတင်းထောက် တွေ ကို ပြောခဲ့ ပါတယ်။

သံရုံး ဖွင့်ပွဲ အခမ်းအနား မှာ ကျူးဘား အလံ လွှင့်ထူ စဉ် မှာပဲ ကျူးဘား ရဲ့ ကွန်မြူနစ် အစိုးရ အပေါ် လိုလား ထောက် ခံသူ တွေ က ဖီဒယ် ကက်စထရို ရဲ့ နာမည် ကို ကြွေးကြော် အော်ဟစ် ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ