အသေခံ ဗုံးခွဲမှုကို တူရကီ ကျောင်းသား ကျူးလွန်ခဲ့

ဓာတ်ပုံ မူပိုင် AP
Image caption ဆူးရက်ခ်မြို့ အနီးမှာ ရဲအရာရှိ နှစ်ဦးရဲ့ အလောင်းကို တွေ့ခဲ့။

တူရကီနိုင်ငံ ဆူးရက်ခ် မြို့မှာ လူငယ် ၃၂ ယောက် သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးခွဲမှုကို ကျူးလွန်ခဲ့သူ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့ပြီလို့ တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအန်အေ စစ်ဆေးချက်တွေအရ အသေခံ ဗုံးခွဲသူဟာ အသက် ၂၀ အရွယ် တူရကီ ကျောင်းသား တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ တူရကီ တောင်ပိုင်းက အက်ဒီယာမန် Adiyaman မြို့နယ်က ဖြစ်ပြီး IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့နဲ့ ဆက်စပ်မှု ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

တစ်ချိန်တည်းမှာပဲ သီးခြား ဖြစ်ရပ် အနေနဲ့ ဆီးရီးယား နယ်စပ်အနီးက စေလန်ပီနာ Ceylanpinar မြို့မှာ တူရကီ ရဲအရာရှိ နှစ်ဦး သေနတ် ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို တွေ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီ စေလန်ပီနာ မြို့ဟာ တနင်္လာနေ့က အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့ ဆူးရက်ခ် မြို့နဲ့ ခရိုင် တစ်ခုတည်းမှာ တည်ရှိပါတယ်။

တနင်္လာနေ့က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုဟာ တူရကီ နိုင်ငံမှာ နှစ်များစွာ အတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်ပြီး ကာ့ဒ် တပ်ဖွဲ့တွေကို ကူညီပေးနေတဲ့ လူငယ် ၃၂ ဦး သေဆုံးခဲ့ကာ လူ ၁၀၀ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ