ပြုပြင်ရေး အစီအစဉ်တွေကို ဂရိ ပါလီမန် သဘောတူ

ဓာတ်ပုံ မူပိုင် AFP
Image caption ညလုံးပေါက် ဆွေးနွေးပြီးနောက် ဂရိ ဝန်ကြီးချုပ်ကို အတိုက်အခံ အမတ်တွေ ထောက်ခံခဲ့။

ဂရိနိုင်ငံမှာ နိုင်ငံတကာ မြီရှင်တွေ အဆိုပြုထားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို ပါလီမန်မှာ ညလုံးပေါက် ဆွေးနွေးပြီး သဘောတူ လိုက်ပါတယ်။

ဒါကြောင့် ဂရိကို နိုင်ငံတကာက ကယ်ဆယ်ရေး ချေးငွေ ယူရို ၈၆ ဘီလျံ ပေးဖို့ ဆွေးနွေး ညှိနှိုင်းမှုတွေ စတင် နိုင်တော့မှာ ဖြစ်ပါတယ်။

ပြည်တွင်း ဘဏ်လုပ်ငန်းနဲ့ တရားရေး စနစ်တွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ်ကို အတိုက်အခံ အမတ်တွေက ထောက်ခံခဲ့ပါတယ်။

အခုလို ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေကို ယူရိုငွေကြေးသုံး အဖွဲ့ဝင် တခြား နိုင်ငံတွေက ဂရိအပေါ် အတင်း ချမှတ်ခဲ့တာ ဖြစ်ပြီး ယူရိုဇုန်ထဲမှာ ဆက်နေနိုင်ဖို့ တခြား နည်းလမ်း မရှိကြောင်း ဂရိ ဝန်ကြီးချုပ်က ပြောပါတယ်။

ဂရိနဲ့ နိုင်ငံတကာ မြီရှင်တွေရဲ့ ဆွေးနွေးပွဲကို မနက်ဖြန် သောကြာနေ့မှာ စတင် ပြုလုပ်ဖို့ ရှိနေပါတယ်။

ဥရောပ ကော်မရှင် ကတော့ ဂရိဟာ သူတို့ ပေးထားတဲ့ ကတိတွေကို အကောင်အထည် ဖော်ပေးဖို့ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း စလိုက်တာပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ