သေ​နတ်​ကိုင်​ဆောင်​မှု မ​ထိန်း​ချုပ် နိုင်​လို့ အို​ဘား​မားစိတ်ပျက်

_obama_bbc
Image caption 9/11 တိုက်ခိုက် မှု နောက်ပိုင်း အကြမ်းဖက် သမား တွေ လက်ချက် နဲ့ သေဆုံးရ တဲ့ အမေရိကန် နိုင်ငံ သား အရေ အတွက် ဟာ ၁၀၀ မပြည့် ပေမယ့်၊ သေနတ် ပစ်ခတ် မှု နဲ့ သေဆုံး ရသူ သောင်း နဲ့ ချီ နေပြီ။

အမေရိကန် နိုင်ငံ ထဲ မှာ သေနတ် ကိုင်ဆောင် မှု အပေါ် ထိန်းချုပ် နိုင် ဖို့ မအောင်မြင် ခဲ့ ရ တာ ဟာ သူ့ရဲ့ သမ္မတ သက်တမ်း အတွင်း မှာ စိတ် ပျက်စရာ အကောင်းဆုံး ဖြစ် တယ် လို့ သမ္မတ အိုဘားမား က ဘီဘီစီ နဲ့ သီးသန့် တွေ့ဆုံ ကြတုန်း ပြောခဲ့ ပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံနေ ရတာ တွေ ထပ်ပြန် တလဲလဲ ဖြစ် နေပေမယ့် သေနတ် ကိုင်ဆောင် မှု နဲ့ စပ်လျှဉ်းပြီး အန္တရာယ် ကင်းစေ ဖို့ လုံလောက် တဲ့ ဥပဒေ တွေ ထားရှိ ရမယ် ဆိုတဲ့ အသိ မရှိ သေးတာ ဟာ ကမ္ဘာပေါ် က တိုးတက်ပြီး နိုင်ငံ တွေ ထဲ မှာ အမေရိကန် တနိုင်ငံ ပဲ ကျန် တော့တယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

9/11 တိုက်ခိုက် မှု နောက်ပိုင်း အကြမ်းဖက် သမား တွေ လက်ချက် နဲ့ သေဆုံးရ တဲ့ အမေရိကန် နိုင်ငံ သား အရေ အတွက် ဟာ ၁၀၀ မပြည့် ပေမယ့် သေနတ် ပစ်ခတ် မှု နဲ့ သေဆုံး ရသူ သောင်း နဲ့ ချီ နေပြီ လို့ လည်း သမ္မတ အိုဘားမား က ပြောပါတယ်။

၂၀၁၂ တုန်း က ဖြစ်ခဲ့တဲ့ Sandy Hook ကျောင်း သေနတ်ပစ်ခတ် မှု နောက်ပိုင်း သေနတ် ကိုင် ဆောင် မှု ကို ပိုပြီး ထိန်းချုပ် ဖို့ သမ္မတ အိုဘားမား ကြိုးစား ခဲ့ ပေမယ့် နောက်ဆက်တွဲ ဥပဒေ ကြမ်း ဖြစ်တဲ့ ချေမှုန်းရေး ရိုင်ဖယ် တွေ ကိုင်ဆောင် ခွင့် လုံးဝ ပိတ်ပင် ဖို့ ကတော့ ကွန်ဂရက်စ် လွှတ် တော် ထဲ မှာ ရှုံးနိမ့် ခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ