တူရကီ​စစ်​တပ် နဲ့ IS အဖွဲ့ အပြန်​အလှန် ပစ်ခတ်

_turkey_is_
Image caption တူရကီ စစ်တပ် ရဲ့ သံချပ်ကာ အမြှာက် ကား ၄ စီး က ပြန်လည် တုန့်ပြန် ပစ်ခတ် ခဲ့။

ဆီးရီးယား ဘက်ခြမ်း က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေ နဲ့ အပြန် အလှန် ပစ်ခတ် မှုတွေ ဖြစ်ပွား ခဲ့တယ် လို့ တူရကီ စစ်တပ် က ပြောပါတယ်။

IS တွေ ရဲ့ ဆီးရီးယား နယ်ထဲ က နေ ပစ်ခတ် မှု ကြောင့် တူရကီ အစိုးရ စစ်သား တစ်ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာ ရ သွား ခဲ့တဲ့ နောက် တူရကီ စစ်တပ် ရဲ့ သံချပ်ကာ အမြှာက် ကား ၄ စီး က ပြန်လည် တုန့်ပြန် ပစ်ခတ် ခဲ့တာ ဖြစ်တယ် လို့ တူရကီ စစ်ဘက် က ပြောပါတယ်။

လွန် ခဲ့တဲ့ ၃ ရက် က တူရကီ နယ်စပ် မြို့ မှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲ မှု တိုက်ခိုက် မှု အတွင်း ကာ့ဒ် မျိုးနွယ်စု လှုပ်ရှား တက်ကြွ သူ ၃၂ ဦး သေဆုံး ခဲ့ ရတဲ့ နောက် အခု ရက်ပိုင်း တွေ ထဲမှာ ဒေသတွင်း အကြမ်းဖက် ရန်လိုမှု တွေ မြင့်တက် လာနေ ခဲ့တာ ဖြစ် ပါတယ်။

ဆီးရီးယား ထဲ က IS တွေ ကို တိုက်ခိုက် ဖို့ ရာ တူရကီ ရဲ့ လေတပ် အခြေစိုက် စခန်း တစ်ခု ကို အသုံးပြုခွင့် အမေရိကန် က ရထားတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက် ပေါ် နေ ပေမယ့် အမေရိကန် စစ်ဘက် ကတော့ ဒီ သတင်း အပေါ် မှတ် ချက် တစုံတရာ ပြု ပေးဖို့ ငြင်းဆန် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ