ကင်​ညာ​ရဲ့ ခြ​စား​မှု​နဲ့ လူ့​အခွင့်​အရေး ပြဿနာ​တွေ​ကို အို​ဘား​မား ဝေဖန်

_obama_kenya
Image caption အကြမ်းဖက် ဝါဒ တိုက်ဖျက် ရေး မှာ နှစ်နိုင်ငံ ကြား စည်းရုံး ညီညွတ် ကြတယ် လို့ သမ္မတ အိုဘားမား ကရော ကင်ညာ သမ္မတ အူဟူရူ ကဲန်ယာတား ကရော ပြော။

ကင်ညာနိုင်ငံ ကို သမိုင်း၀င် ခရီးစဉ် အဖြစ် ရောက်လာ ခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမား ဟာ သူ့ ခရီးစဉ် ရဲ့ ပထမဆုံး ရက် မှာ ပဲ ကင်ညာ နိုင်ငံတွင်းက အကျင့်ပျက် ခြစားမှု ပြဿနာ အပါအဝင် လိင်တူ ချစ်သူ တွေ ရဲ့ အခွင့် အရေး နဲ့ ပတ်သက်ပြီး ကင်ညာ အစိုးရ ကို ပွင့်ပွင့် လင်းလင်း ပြောဆို လာပါတယ်။

ကင်ညာ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အကြီးအမားဆုံး အဟန့်အတား ဖြစ်နေစေ တဲ့ အကျင့်ပျက် ခြစားမှု ကို ဥပဒေ နဲ့ အညီ မြင်သာ ထင်သာ ရှိရှိ ကိုင်တွယ် ကြဖို့ ကင်ညာ အာဏာပိုင် တွေ ကို သမ္မတ အိုဘားမား က နိုင်ရူဘီ မြို့တော် မှာ တွေ့ဆုံ ခဲ့ အပြီး တိုက်တွန်း ခဲ့ ပါတယ်။

အကြမ်းဖက် ဝါဒ တိုက်ဖျက် ရေး မှာ နှစ်နိုင်ငံ ကြား စည်းရုံး ညီညွတ် ကြတယ် လို့ သမ္မတ အိုဘားမား ကရော ကင်ညာ သမ္မတ အူဟူရူ ကဲန်ယာတား ကရော ပြောပါတယ်။

ဒါပေမယ့် လိင်တူချစ်သူ အခွင့်အရေး အကြောင်း သမ္မတ အိုဘားမား က အတော်လေး ပြင်းပြင်းထန်ထန် ပြောချိန် မှာတော့ မစ္စတာ ကဲန်ယာတား က ဒီ ကိစ္စ ဟာ ကင်ညာ ပြည်သူ တွေ အတွက် အဓိက ဦးစားပေး ရမယ့် ပြဿနာ တစ်ရပ် မဟုတ် ဘူး ဆိုပြီး တုန့်ပြန် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ