အစ္စရေး သူလျှိုကို စောလွှတ်ပေးမယ်

 Pollard ဓာတ်ပုံ မူပိုင် AFP
Image caption Jonathan Pollard လွတ်မြောက်ရေး တောင်းဆိုခဲ့

အစ္စရေး အတွက် သူလျှို လုပ်တယ် ဆိုပြီး ပြစ်ဒဏ် ကျခဲ့တဲ့ အမေရိကန် ရေတပ် ထောက်လှမ်းရေး အရာရှိကို စောလွှတ်ပေးမယ် လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

Jonathan Pollard နှစ် ၃ဝ ထောင်တသက် ကျခံ ခဲ့ပြီးနောက် ဒီနိုဝင်ဘာမှာ လွတ်မယ်လို့ ယူဆရပါတယ်။

သူလွတ်ဖို့ အစ္စရေး အစိုးရ အဆက်ဆက်က ကြိုးစား ခဲ့ကြပြီး သူလွတ်လာတာကို တွေ့ဖို့ မျှော်လင့်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

ဒါဟာ အစ္စရေး မလိုလားတဲ့ အီရန်နဲ့ အဏုမြူရေး သဘောတူညီမှု ရပြီးနောက် စောလွှတ်ပေးတာ ဆိုတဲ့ ပြောဆိုမှု တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ