မူလာ အိုမာ သေဆုံးသွားပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption မူလာ အိုမာကို အများရှေ့မှာ မမြင်ရတာ အတော်ကြာနေခဲ့။

တာလီဘန် ခေါင်းဆောင် မူလာ အိုမာ သေဆုံးသွားပြီ ဖြစ်ကြောင်း အာဖဂန် နစ္စတန် သမ္မတရုံးက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ပါကစ္စတန်နိုင်ငံမှာ မူလာ အိုမာ သေဆုံးခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ရထားတယ်လို့ ဆိုပါတယ်။

အခုအခါ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုဖို့ အလားအလာ ပိုကောင်းလာပြီ ဖြစ်ကြောင်းနဲ့ လာမယ့် ရက်အနည်းငယ်အတွင်း စတင်ကျင်းပမယ့် ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် အတိုက်အခံအဖွဲ့တွေ အားလုံး ပါဝင်ကြဖို့ကို အာဖဂန်အစိုးရက ပန်ကြားလိုက်ပါတယ်။

မူလာ အိုမာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းတွေ ခိုင်လုံတယ် ဆိုတာကို လက်ခံကြောင်း အမေရိကန် အစိုးရအဖွဲ့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တာလီဘန် အဖွဲ့ကရော၊ ပါကစ္စတန် အစိုးရဘက်ကပါ တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒါပေမယ့်လည်း မူလာ အိုမာရဲ့ နေရာမှာ ခေါင်းဆောင်အရိုက်အရာကို ဘယ်သူဆက်ခံသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုတွေ လုပ်နေတာ အချိန်အတော်ကြာနေပြီလို့ တာလီဘန် သတင်းရပ်ကွက်က ဘီဘီစီကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ