ဂျူးအစွန်းရောက်တွေကို ကိုင်တွယ်ဖို့ အစ္စရေးနိုင်ငံသားတွေ တောင်းဆို

comments_killed_palestinian_child_ ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ မိသားစု နဲ့ တသွေးတသား ထဲ ရှိကြောင်း ဆန္ဒပြ သမားတွေ က ပြသ ခဲ့ကြ။

အသိမ်းပိုက်ခံ နယ်မြေတွေ မှာ ရှိတဲ့ ဂျူး အခြေစိုက် တွေ ထဲက စစ်သွေးကြွ လက်နက်ကိုင် တွေ ကို ပြင်းပြင်း ထန်ထန် အရေးယူ ကိုင်တွယ် ဖို့ အစ္စရေး အစိုးရ အပေါ် တောင်းဆို ဆန္ဒပြ ပွဲ တွေ ဖြစ် ပေါ် လာတာမှာ ထောင်ပေါင်း များစွာသော အစ္စရေး နိုင်ငံသား တွေ ပါဝင် ခဲ့ ကြ ပါတယ်။

အနောက်ဘက် ကမ်းခြေ ဒေသ မှာ ပြီးခဲ့တဲ့ သောကြာ နေ့ က ဖြစ်ပေါ် ခဲ့တဲ့ ဂျူး အစွန်းရောက် တွေရဲ့ လက်ချက် လို့ ယူဆ ထားကြတဲ့ ရှို့မီး အတွင်း ပါလက်စတိုင်း အိမ်တစ်လုံး မီးလောင်ပြီး ပါလက်စတိုင်း ကလေးငယ် တစ်ဦး သေဆုံး ခဲ့ရတဲ့ နောက်ပိုင်း တဲလ်အဗီး မြို့ မှာ အခုလို ဆန္ဒပြပွဲ တွေ ဖြစ်ပေါ် လာတာပါ။

သေဆုံးခဲ့တဲ့ ကလေးငယ် ရဲ့ မိသားစု နဲ့ တသွေးတသား ထဲ ရှိကြောင်း ဆန္ဒပြ သမားတွေ က ပြသ ခဲ့ကြပါတယ်။

ကြာသာပတေး နေ့ ကလည်း လိင်တူချစ်သူ တို့ရဲ့ ချီတက် လှည့်လည်ပွဲ မှာ ဂျုး ဘာသာရေး ရှေးရိုးစွဲ ဝါဒီ ရဲ့ တိုက်ခိုက် မှု အတွင်း လူ ၆ ဦး ဓားနဲ့ အထိုး ခံ ခဲ့ ရပါသေးတယ်။ အခင်း ဖြစ်ပေါ် ခဲ့ရာ အနီး မှာလည်း ဆန္ဒပြ ပွဲ ပြုလုပ် ကြပါတယ်။

ပါလက်စတိုင်း ကလေးငယ် သေဆုံး ခဲ့ရမှု အတွက် ပါလက်စတိုင်း တွေ က ပြုလုပ် ခဲ့တဲ့ သောကြာ နေ့ ဆန္ဒပြ ပွဲ အတွင်း အစ္စရေး လုံခြုံရေး တွေရဲ့ ပစ်ခတ် မှု ကြောင့် ဒဏ်ရာ ရခဲ့သူ ပါလက်စတိုင်း လူငယ် လည်း သေနတ် ဒဏ်ရာတွေ နဲ့ သေဆုံး သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ