ဘူရွန်ဒီသမ္မတနဲ့ နီးစပ်သူ ဗိုလ်ချုပ်ကြီး အသတ်ခံရ

general_nshimirimana_ ဓာတ်ပုံ မူပိုင် general Nshimirimana
Image caption ဗိုလ်ချုပ်ကြီး အဒေါ့လ်ဖ် ရှီမီရီမားနားကို သတ်ဖြတ်မှု ဟာ ဘူရွန်ဒီ နိုင်ငံ မှာ အကြမ်းဖက် ဖြစ်ရပ် တွေ တိုးမြင့် လာတာ ကို ပြသနေတယ် လို့ အီးယူ အဖွဲ့ က ပြော။

အာဖရိက အရှေ့ဘက် ကုန်းတွင်းပိတ် နိုင်ငံ ဖြစ်တဲ့ ဘူရွန်ဒီ မှာ သေနတ်သမား တွေ ရဲ့ လက်ချက် နဲ့ ထောက်လှမ်းရေး အကြီးကဲ ဟောင်းလည်း ဖြစ်၊ လက်ရှိ သမ္မတ ဖြဲ ကူရွန်ဇီဇာ နဲ့ နီးစပ်သူလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အဒေါ့လ်ဖ် ရှီမီရီမားနား သေဆုံးသွား ပါတယ်။

မြို့တော် ဘူဂျွန်ဘူရာ မှာ သူ လိုက်ပါလာတဲ့ မော်တော်ယာဉ် အတိုက်အခိုက် ခံရတုန်း သေဆုံးခဲ့တာ ဖြစ်တယ် လို့ မျက်မြင် သက်သေ တွေ က ပြောပါတယ်။

ဒီ သတ်ဖြတ်မှု ဟာ ဘူရွန်ဒီ နိုင်ငံ မှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက်ဖြစ်ရပ် တွေ တိုးမြင့် လာတာ ကို ပြသနေတယ် လို့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ က ပြောလိုက်ပြီး နိုင်ငံတကာ ကနေ ကြားဝင် ဖြန်ဖြေမှု တွေ ပြန်လည် ပြုလုပ် ဖို့လည်း တိုက်တွန်းလိုက် ပါတယ်။

သမ္မတ ကူရွန်ဇီဇာ ဟာ သူ့ရဲ့ ၃ ကြိမ် မြောက် သက်တမ်း အတွက် ရွေးကောက်ပွဲ ဝင်မယ် လို့ ဆုံးဖြတ် ခဲ့ချိန်က စလို့ ရွေးကောက်ပွဲ မှာ နိုင်ခဲ့ ပြန်တဲ့ အခု နောက်ပိုင်း ကာလ အထိ ဘူရွန်ဒီ မှာ မငြိမ်သက်မှု တွေ ဖြစ်ပေါ် လာခဲ့တာ လပေါင်း များစွာ ကြာမြင့် နေပြီ ဖြစ်ပါတယ်။

အခု သေဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး ရှီမီရီမားနား ဟာ ဘူရွန်ဒီ ထောက်လှမ်းရေး အကြီးအကဲ နေရာ က နေ ဖယ်ရှား ခံခဲ့ရပြီး နောက်ပိုင်း မှာ အင်မတန် ဩဇာကြီး တဲ့ လုံခြုံရေး ဆိုင်ရာ ထိပ်တန်း နေရာ ကို ရရှိ ထားခဲ့ သူ အဖြစ် အများ က ယူ ဆ ထားကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ