ဂျူး​အကြမ်း​ဖက်​ဝါဒ​ကို အပေး​အယူ​မ​လုပ်​ပဲ တိုက်​ဖျက်​မယ်

benjamin_netanyahu_moshe_yaalon ဓာတ်ပုံ မူပိုင် AP
Image caption ဂျူး အစွန်းရောက် တွေ လို့ သံသယ ရှိ ရသူ တွေ ကို တရားရုံး မတင် ပဲ ဖမ်းဆီး ထိန်းသိမ်း ခွင့် ကို အစ္စရေး အစိုးရ ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ကော်မတီ ကနေ ခွင့်ပြု ခဲ့ပြီးဖြစ်။

ဂျုး အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ရာမှာ ဘယ်လို အပေးအယူ အလျှော့အတင်း မျိုး မှ လုပ်ဆောင် မှာ မဟုတ် ဘူး ဆိုပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီး က ပြောလိုက် ပါတယ်။

အစ္စရေး နိုင်ငံရဲ့ သွင်ပြင် စရိုက် လက္ခဏာ ကို ကာကွယ် တည်ဆောက် ဖို့ရာ လည်း အဲဒီလို ဂျုး အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ဖို့ လိုအပ်တယ် လို့လည်း ဝန်ကြီး Yaalon က ဆိုပါတယ်။

ဂျူး အမျိုးသား ရေး အစွန်းရောက် တွေရဲ့ လက်ချက် လို့ ယူဆ ရတဲ့ ရှို့မီး အတွင်း ၁ နှစ်ခွဲ အရွယ် ပါလက်စတိုင်း ကလေးငယ် တစ်ဦး သေဆုံး သွားရတဲ့ ဖြစ်ရပ် နောက်ပိုင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဂျူး အစွန်းရောက် တွေ လို့ သံသယ ရှိ ရသူ တွေ ကို တရားရုံး မတင် ပဲ ဖမ်းဆီး ထိန်းသိမ်း ခွင့် ကို အစ္စရေး အစိုးရ ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ ကော်မတီ ကနေ ခွင့်ပြု ခဲ့ပြီး လည်း ဖြစ်ပါတယ်။

ဒီ အချိန် မှာပဲ စစ်သွေးကြွ လက်နက်ကိုင် ဂျူး အုပ်စု တစ်ခု ရဲ့ ခေါင်းဆောင် Meir Ettinger ကိုလည်း သူ့ရဲ့ အစွန်းရောက် လှုပ်ရှားမှု တွေ အတွက် လို့ ဆိုကာ အစ္စရေး အာဏာပိုင် တွေက ဖမ်းဆီး လိုက် ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ