အိန္ဒိယ ရထား ၂ စင်း လမ်းချော် တိမ်းမှောက်

ဓာတ်ပုံ မူပိုင် AFP
Image caption တံတားပေါ် ရထား ၂ စင်း မျက်နှာချင်းဆိုင် ဖြတ်ကူးစဉ် ရှေ့ဆင့် နောက်ဆင့် လမ်းချော်ခဲ့။

အိန္ဒိယ နိုင်ငံ၊ မဒ္ဒယာ ပရာဒက်ရှ် ပြည်နယ်မှာ ရေကြီးမှုကြောင့် ရေတိုက်စားမှုဒဏ် ခံထားရတဲ့ တံတားတစ်စင်း ပေါ်မှာ ရထား ၂ စင်း ရှေ့ဆင့် နောက်ဆင့် လမ်းချော်ပြီး တိမ်းမှောက် ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂၄ ဦး သေဆုံး ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဟာဒ မြို့အနီးက ရေလွှမ်းမိုးမှုဒဏ် ခံထားရတဲ့ တံတားပေါ်ကို ရထား ၂ စင်း မျက်နှာချင်းဆိုင် ဖြတ်ကူးစဉ် လမ်းချော် ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

ရထားလမ်းတွေ ပြိုကျခဲ့ကာ အချို့ တွဲတွေ ရေထဲ နစ်ကုန်တယ်လို့ ဆိုပြီး လူ ၃၀၀ လောက်ကို ကယ်ဆယ် ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗာရာဏသီနဲ့ မွမ်ဘိုင်း မြို့တွေ အကြား ပြေးဆွဲတဲ့ အမြန်ရထား ၂ စင်း တံတားပေါ် အသွားအပြန် ဖြတ်ကူးစဉ် မိနစ်ပိုင်းသာ ခြားပြီး လမ်းချော် တိမ်းမှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ