မလေးရှား လေယာဉ်ပျက် အစအနတွေကို ရှာဖွေ

 reunion ဓာတ်ပုံ မူပိုင် AP
Image caption ရီယူနီယန် ကျွန်းတဝိုက်မှာ ဆက်ရှာဖွေ

အိန္ဒိယ သမုဒ္ဒရာ ထဲက ရီယူနီယန် ကျွန်းတဝိုက် မှာ မလေးရှား လေယာဉ်ပျက် အစအန တွေ ပိုပြီး တွေ့လို တွေ့ငြား ပြင်သစ် အစိုးရက လေယာဉ်၊ ရဟတ်ယာဉ် တွေနဲ့ သင်္ဘော တွေ သုံးပြီး ရှာနေပါတယ်။

အနီး ဝန်းကျင်က မော်ရစ်ရှပ်နဲ့ မက်ဒါဂါစကာ ကျွန်း နိုင်ငံ အစိုးရ တွေကို လည်း သူတို့ ကမ်းရိုးတန်း မှာ ဒီအပျက်အစီး အစအန တွေ ကို ကူညီ ရှာဖွေ ပေးကြဖို့ ပန်ကြား ထား ပါတယ်။

ရီယူနီယန် ကျွန်း ကမ်းစပ်မှာ လာပြီး တင်တဲ့ လေယာဉ် တောင်ပံ အစိတ်အပိုင်း ဟာ မလေးရှား လေယာဉ်ပျက်က ဖြစ်တယ် ဆိုတာကို ဗုဒ္ဓဟူး နေ့က မလေးရှား အစိုးရ က အတည်ပြု ခဲ့ပါတယ်။

အပျက်အစီး အစိတ်အပိုင်း တွေ ထပ်တွေ့တယ် ဆိုတဲ့ စောစောပိုင်းက သတင်းတွေ မဟုတ်ဘူး လို့ လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ