တူရကီမှာ တိုက်ခိုက်မှုအချို့ ဆက်တိုက် ဖြစ်ပွား

ဓာတ်ပုံ မူပိုင် epa
Image caption ရဲစခန်းတစ်ခုလည်း ကားဗုံးခွဲ တိုက်ခိုက်ခံခဲ့ရ။

တူရကီ နိုင်ငံမှာ အစိုးရနဲ့ ကာဒစ်ရှ် စစ်သွေးကြွတွေ အကြား တင်းမာမှုတွေ မြင့်တက် လာနေချိန်မှာ တိုက်ခိုက်မှု အချို့ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး တူရကီ လုံခြုံရေး အဖွဲ့ဝင် ၆ ဦး သေဆုံး ခဲ့ပါတယ်။

တူရကီ အရှေ့တောင်ပိုင်းက ဆာနက်ခ် Sirnak ပြည်နယ်မှာ လမ်းဘေး မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံး ခဲ့ရသလို၊ စစ်ရဟတ်ယာဉ် တစ်စီး ပစ်ခတ် ခံရမှုကြောင့် စစ်သား တစ်ဦး သေဆုံး ခဲ့ပါတယ်။

အီစတန်ဘူလ် မြို့မှာလည်း ရဲစခန်းတစ်ခု ကားဗုံးခွဲ တိုက်ခိုက် ခံရလို့ ရဲအရာရှိ တစ်ဦး ထပ်မံ သေဆုံး ခဲ့ပါတယ်။

ဒါ့အပြင် အီစတန်ဘူလ်မှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကိုလည်း အမျိုးသမီး ၂ ဦးက ပစ်ခတ် တိုက်ခိုက် ခဲ့ကြပါတယ်။ အဲဒီ အမျိုးသမီး ၂ ဦးဟာ လက်ဝဲစွန်း အဖွဲ့ တစ်ခုနဲ့ ဆက်စပ် တယ်လို့ ဆိုပြီး သူတို့ထဲက တစ်ဦးကိုတော့ ဒဏ်ရာနဲ့ ဖမ်းမိခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိမရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ