ကုန်သွယ်​ရေး​သ​တင်း​တွေ​ခိုး​တဲ့ ဟက်​ကာ​တွေ​ကို အမေ​ရိ​ကန်​မှာ တရားစွဲ

hacker_internet_security ဓာတ်ပုံ မူပိုင် Reuters
Image caption ကုမ္ပဏီ က လူသိရှင်ကြား မထုတ်ပြန် ရသေး တဲ့ အချက် အလက် တွေ ကို ထွင်းဖောက် ခိုးယူ ခဲ့ပြီး တခြား စီးပွားရေး သမား တွေ ထံ ရောင်းစား ခဲ့ကြ။

အမေရိကန် ပြည်ထောင်စု မှာ ကုန်သွယ်ရေး နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက် တွေ ကို ကွန်ပြူတာ စံနစ် ထွင်းဖောက် ပြီး ခိုးယူ ခဲ့ ကြသူ ၉ ဦး အပေါ် ရာဇဝတ်မှု ပုဒ်မ တွေ တပ် ပြီး တရားစွဲ လိုက် ပါတယ်။

သူတို့ဟာ သက်ဆိုင်ရာ ကုမ္ပဏီ က လူသိရှင်ကြား မထုတ်ပြန် ရသေး တဲ့ အချက် အလက် တွေ ကို ထွင်းဖောက် ခိုးယူ ခဲ့ပြီး တခြား စီးပွားရေး သမား တွေ ထံ ရောင်းစား ခဲ့ကြ တာ ဖြစ်ပါတယ်။

အခု တရားစွဲ ခံလိုက် ရသူ တွေ ထဲ မှာ ကွန်ပြူတာ စံနစ် ကို ထွင်းဖောက် နိုင်တဲ့ ဟက်ကာ တွေ၊ စတော့ ရှယ်ယာ အရောင်းအဝယ် သမား တွေနဲ့ စီးပွားရေး သမားတွေ ပါဝင်ပြီး ယူကရိန်း နဲ့ အမေရိကန် ထဲ မှာ အခြေစိုက် သူ တွေ ဖြစ်ပါတယ်။

အဲဒီ့အုပ်စု ဟာ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း ကုန်သွယ်ရေး သတင်း အချက်အလက် ၁သိန်းခွဲ ကျော် ခိုးယူ ခဲ့ကြတယ် လို့ စွပ်စွဲ ခံနေ ရပါတယ်။

ဒီ အမှုနဲ့ သီးခြားစီပဲ စျေးကွက် လုံခြုံရေး ဆိုင်ရာ အစိုးရ ကော်မရှင် က အဲဒီ့ ၉ ဦး နဲ့ ကျန် လူပုဂ္ဂိုလ် နဲ့ ကုမ္ပဏီ ၂၃ ခု ကို လိမ်လှည့် လှည့်ဖျား ခြင်း ဆိုင်ရာ တရားမမှု ပုဒ်မ တွေနဲ့လည်း တရားစွဲ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ