ဂျူလီယန် အက်ဆန်းရဲ့ အမှု ၃ မှုကို ရုပ်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ဂျူလီယန် အက်ဆန်း ဆက်လက် နေထိုင်နေ။

ဝီကီလိခ် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်း Julian Assange အပေါ် စွဲဆိုထားတဲ့ အမှု ၃ မှုကို ဆွီဒင် အစိုးရ ရှေ့နေတွေက ပြန်ရုပ်သိမ်း လိုက်ပါတယ်။

လိင်မှုဆိုင်ရာ မဖွယ်မရာ ပြုမူမှုနဲ့ ဆိုင်တဲ့ အမှုတွေတွေ ဖြစ်ပြီး တရားစွဲထားတဲ့ အချိန် ကုန်လွန် သွားတာကြောင့်လို့ ဆိုပါတယ်။

ဂျူလီယန် အက်ဆန်း ကတော့ သူ့ဘက်က တင်ပြချက်တွေကို ဆွီဒင် ရှေ့နေတွေ နားထောင်ဖို့ ပျက်ကွက် သွားတာကြောင့် အလွန် စိတ်ပျက် မိတယ်လို့ ပြောပါတယ်။

သူ့အပေါ် စွဲဆိုချက်တွေဟာ သူ့ကို နာမည်ပျက်စေဖို့ ဆောင်ရွက်မှု တစိတ်တပိုင်း ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံသား ဂျာနယ်လစ် ဖြစ်သူ ဂျူလီယန် အက်ဆန်းက ဆိုပါတယ်။

ဒါပေမယ့် ဂျူလီယန် အက်ဆန်း အတွက် အခု အမှုတွေထက် ပိုပြင်းထန်တဲ့ မုဒိန်းမှု စွဲချက်ကတော့ ဆက်ရှိ နေပါသေးတယ်။

မစ္စတာ အက်ဆန်းဟာ ဆွီဒင်ကို လွှဲပြောင်း ခံရမှာကို စိုးရိမ်တဲ့ အတွက် ၂၀၁၂ ခုနှစ်က လန်ဒန်မှာ ရှိတဲ့ အီကွေဒေါ သံရုံးမှာ ခိုလှုံခွင့် လျှောက်ထားပြီး နေထိုင်ခဲ့တာပါ။ ဆွီဒင်က တဆင့် သူ့ကို အမေရိကန်ဆီ လွှဲပေးပြီး သူဖော်ထုတ်ခဲ့တဲ့ အမေရိကန် လျှို့ဝှက်ချက်တွေ အတွက် အမှုရင်ဆိုင်ရမှာ ကြောက်ရွံ့တဲ့အတွက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ