ဘလော့ဂါတွေ အသတ်ခံရမှု၊ ၃ ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption ယူကေ နိုင်ငံသား ဘင်္ဂလားဒေ့ရှ် နွယ်ဖွား တိုဟီဒါ ရာမန် (ရှေ့ဝဲစွန်)က တိုက်ခိုက်မှုတွေကို စီစဉ်ခဲ့တာလို့ ဆို။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ဘာသာရေးနဲ့ လောကီအရေး မရောထွေးဖို့ အယူရှိသူ ဘလော့ဂါ နှစ်ယောက် အမှုနဲ့ ပတ်သက်ပြီး ယူကေ နိုင်ငံသား တစ်ဦး အပါအဝင် လူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ့် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

ဘလော့ဂါတွေ ဖြစ်တဲ့ အဗီဂျစ် ရွိုင်း နဲ့ အနန်တာ ဘီဂျွိုင်း တို့ နှစ်ဦးဟာ အခုနှစ် အစောပိုင်းက ဓားနဲ့ခုတ် သတ်ဖြတ်တာကို ခံခဲ့ကြရတာပါ။ အဲဒီ သတ်ဖြတ်မှုတွေကို ယူကေ နိုင်ငံသား ဘင်္ဂလားဒေ့ရှ် နွယ်ဖွား တိုဟီဒါ ရာမန်က စီစဉ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

အိုင်တီ ကျွမ်းကျင်သူ ဖြစ်တဲ့ မစ္စတာ ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ပိတ်ပင်ထားတဲ့ စစ်သွေးကြွ အဖွဲ့တစ်ခုနဲ့ အဆက်အစပ် ရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် သတင်းစာမှာတော့ မစ္စတာ ရာမန်ဟာ စစ်သွေးကြွ အဖွဲ့ ABT ကို ငွေကြေး ထောက်ပံ့သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သူ့ကို ဖမ်းဆီးရမှုကြောင့် အခုနှစ် အတွင်း အသတ်ခံခဲ့ရတဲ့ ဘလော့ဂါ ၄ ယောက်စလုံးရဲ့ အမှုအတွက် အထောက်အထားတွေ ရနိုင်လိမ့်မယ်လို့ ရဲတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဘာသာရေးနဲ့ လောကီရေးကို တရားဝင် ရောထွေးလေ့ မရှိပေမယ့် ဘလော့ဂါတွေ တိုက်ခိုက် ခံရမှုတွေအတွက် လုံလောက်တဲ့ အကာအကွယ် ပေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဝေဖန် သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ