ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တူရကီ စစ်သားတွေ သေဆုံး

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းက ဆီယတ် ပြည်နယ်မှာ ဗုံးခွဲ တိုက်ခိုက် ခံရလို့ တပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။

အဝေးပြေး လမ်းပေါ်မှာ သွားနေတဲ့ စစ်သုံး မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး တပ်သား ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အခု တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ဖြစ်ကြောင်း ဝန်မခံကြ ပေမယ့် တူရကီ စစ်တပ်ကတော့ ကာဒစ်ရှ် ပီကေကေ စစ်သွေးကြွတွေရဲ့ လက်ချက်လို့ စွပ်စွဲ ထားပါတယ်။

ဒိုင်ယာဘေကာ ပြည်နယ်မှာလည်း ကာဒစ်ရှ် တပ်ဖွဲ့တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု အတွင်း စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။ တူရကီ အစိုးရနဲ့ ကာဒစ်ရှ်တွေ အကြား ၂ နှစ် ကြာမြင့်ခဲ့တဲ့ အပစ်ရပ်မှု ပျက်ပြယ် ခဲ့ပြီးနောက် အခု တိုက်ခိုက်မှုတွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ အီစတန်ဘူလ် မြို့တော်က ဝန်ကြီးချုပ်ရုံးတွေ တည်ရှိတဲ့ နာမည်ကျော် ဒေါ်လ်မာဘာချီ Dolmabahce နန်းတော် ရှေ့မှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သံသယရှိသူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ