ရွှေ့ပြောင်းလာသူတွေကို မက်ဆီဒိုးနီးယား ရဲတွေ ဖြိုခွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေ့ပြောင်း ဝင်ရောက်သူတွေ အီးယူ နိုင်ငံတွေထဲ ဝင်ရောက်ရာမှာ မက်ဆီဒိုးနီးယားက အဓိက လမ်းဆုံ လမ်းခွမှာ ရှိနေ။

မက်ဆီဒိုးနီးယား နိုင်ငံထဲကို ဂရိ ဘက်ကနေ ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်း နေထိုင်သူ ထောင်ပေါင်း များစွာကို မက်ဆီဒိုးနီးယား ရဲတွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစု ခွဲခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်းက အများစု ဖြစ်တဲ့ ရွှေ့ပြောင်း နေထိုင်သူ ထောင်ပေါင်း များစွာ စုပြုံ ရောက်ရှိလာတဲ့ အတွက် မက်ဆီဒိုးနီးယား နယ်စပ်အနီးက ဒေသ ၂ခုမှာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရပြီး နောက်တစ်ရက်မှာ အခုလို ဖြစ်ပွား ခဲ့တာပါ။

မက်ဆီဒိုးနီးယား တောင်ပိုင်း နယ်စပ်မှာ အရေအတွက် များပြားတဲ့ လူတွေ ညလုံးပေါက် စောင့်ဆိုင်း နေခဲ့ကြပြီးနောက် မနက်ပိုင်းမှာ ရဲတွေကို ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုးစား ခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ပိုင်းက ဥရောပ နိုင်ငံတွေထဲကို ရွှေ့ပြောင်း နေထိုင်သူတွေ ဝင်ရောက်ဖို့ ကြိုစားရာမှာ ဘော်လ်ကန်ဒေသ နိုင်ငံ ဖြစ်တဲ့ မက်ဆီဒိုးနီးယားက အဓိက လမ်းဆုံ လမ်းခွမှာ ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂ လ အတွင်း လူပေါင်း ၄ သောင်းခွဲ နီးပါး မက်ဆီဒိုးနီးယားကို ကျော်ဖြတ် ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ