ဆီးရီးယားက ရှေးဟောင်း အမွေအနှစ် ဝတ်ကျောင်းကို IS တို့ ဖျက်ဆီး

Baal Shamin Temple in Palmyra, Syria
Image caption သမိုင်းဝင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် ဘာလ်ရှမင် ဘုရားကျောင်း

ဆီးရီယား နိုင်ငံ ပါလ်မိုင်းရား မြို့ က ကမ္ဘာ့ သမိုင်းဝင် ဘာလ်ရှမင် ဘုရား ကျောင်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ က ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက် ပါတယ်။

ဒမတ် စကပ် မြို့တော် အရှေ့မြောက်ဘက်က ပါလ်မိုင်ရာ မြို့ဟောင်းကြီးကို IS အဖွဲ့ က မေလ ကတည်းက သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။

နှစ် ၂ ထောင် ကျော် သက်တမ်း ရှိတဲ့ ဘာလ်ရှမင် ဘုရား ကျောင်း ကို IS အဖွဲ့တွေက ဖောက်ခွဲရေး ပစ္စည်း အများအပြား နဲ့ ပုံပြီး ဖောက်ခွဲ ဖျက်ဆီးပစ်တယ်လို့ လက်ဘနွန်က ဘီဘီစီ သတင်းထောက် ဂျင်မြူဝါက ပြောပါတယ်။

ဖောက်ခွဲမှုကြောင့် အနားက နာမည်ကျော် ရောမခေတ် ကျောက်တိုင် တချို့လည်း ထိခိုက် ခဲ့ကြပါတယ်။

တခြား ဘာသာဝင်တွေရဲ့ ရုပ်တု နဲ့ ကိုးကွယ်မှု ပစ္စည်း တွေကို ဖျက်ဆီးပစ်ရမယ်လို့ IS တွေက ဆုံးဖြတ် ထားကြတာကြောင့် ဒီမြို့ကို သူတို့ စတင် သိမ်းကတည်းက ကျွမ်းကျင်သူတွေက စိုးရိမ် ပူပန် ခဲ့ကြပါတယ်။

ပါလ်မိုင်းရား မြို့ဟာ ကုလသမဂ္ဂ ယူနက်စ်ကို ရဲ့ အသိအမှတ်ပြု ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာ ဖြစ် ပြီး အရှေ့အလယ်ပိုင်း ဒေသရဲ့ အရေးအပါ ဆုံး ရှေးဟောင်း နေရာ တွေရှိရာ မြို့ ဖြစ်ပါတယ်။

ဒီဘုရားကျောင်းလို သေချာ ထိန်းသိမ်း စောင့် ရှောက်ထားတဲ့ အဖိုးတန် နေရာ တခုကို တခြား ဘယ်မှာမှ ရှာလို့ မရအောင် ထူးခြား ရှားပါးတဲ့ အနုလက်ရာ ဖြစ်တယ်လို့ အဲဒီ ဒေသနားမှာ ၃ နှစ်လောက် နေခဲ့တဲ့ အက်ဇီတာ တက္ကသိုလ်က ပါမောက္ခ အယ်မာ လူစလီက ပြောပါတယ်။

ပါလ်မိုင်ရား မှာ ရှိတဲ့ ရှေးလက်ရာ အပျက်အစီး အကြွင်းအကျန် တွေ ကို စောင့်ရှောက်တဲ့ အလုပ်မှာ ဘဝ တစ်ခုလုံး မြှုပ်နှံ လုပ်ကိုင် နေတဲ့ ရှေးဟောင်း သုတေသီ တစ်ဦး ကို လည်း အခုရက်ပိုင်း အတွင်းက ပဲ IS တွေ က သတ်ဖြတ် ခဲ့ကြ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ