လစ်ဗျားကမ်းလွန်မှာ လှေ၂စီး မှောက်လို့ ကယ်နေရ

sp_mediterranean_migrants_ ဓာတ်ပုံ မူပိုင် EPA
Image caption ရာ ပေါင်း များစွာ သော လူ တွေ ရဲ့ ကံကြမ္မာ ကို မသိရ သေးပါဘူး။

လစ်ဗျား နိုင်ငံ ဇူဝါရာ ဆိပ်ကမ်း အနီး ကမ်းလွန် ပြင် မှာ ရွှေ့ပြောင်းသူ အယောက် ၅၀၀ လောက် တင် ဆောင် ထားတဲ့ လှေ ၂ စီး မှောက် သွား ခဲ့တဲ့ အတွက် ကယ်ဆယ်ရေး လုပ် ငန်း တွေ လုပ် ဆောင် နေရပါတယ်။

လောလောဆယ် အနည်းဆုံး ၂၁ ယောက် ကို ကယ်တင် နိုင်ခဲ့ ပြီး ရေနစ် သေဆုံး ကြောင်း အတည်ပြု ထား နိုင်တဲ့ စာရင်း လည်း အနည်းဆုံး ၁၀ ယောက် ရှိ နေပြီ ဖြစ် ပါတယ်။

ကျန် ရာ ပေါင်း များစွာ သော လူ တွေ ရဲ့ ကံကြမ္မာ ကို တော့ မသိရ သေးပါဘူး။

အီတလီ ကမ်းခြေ တွေ ကို ရောက် ရှိ နိုင်ဖို့ လစ်ဗျား ကနေ တဆင့် ပင်လယ်ကူးဖို့ မသင့်တော် တဲ့ လှေတွေ နဲ့ ထွက်ခွာ ခဲ့ကြ တဲ့ ဆာဟာရ ပိုင်း အာဖရိက နဲ့ အရှေ့အလယ်ပိုင်း ဒေသ က သူတွေ သေဆုံး သူ အရေ အတွက် ဟာ ဒီ နှစ် ထဲမှာ ကို အယောက် ၂ ထောင် ကျော် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ