Facebook သုံးသူ တရက်ထဲ သန်း ၁၀၀၀ ရှိ

Facebook ဓာတ်ပုံ မူပိုင် nocredit
Image caption Facebook တည်ထောင်သူ Mark Zuckerberg

Facebook လူမှုကွန်ယက်ကို သုံးစွဲသူ အရေအတွက် တနေ့ထဲမှာ သန်းပေါင်း ၁၀၀၀ အထိ ရောက်သွားခဲ့ တာဟာ သမိုင်းမှတ်တိုင် တခုပဲ ဖြစ်တယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg က ပြောပါတယ်။

သူက ဒါဟာ စံချိန်သစ် တခုလည်း ဖြစ်သလို တကမ္ဘာလုံး ဆက်သွယ်မှုတွေ အစပျိုးတာပဲ ဖြစ်ကြောင်း ပြောပါတယ်။

Mark Zuckerberg ရဲ့ Facebook စာမျက်နှာမှာတော့ ဒီအရေအတွက်ကို ကြည့်ရင် ကမ္ဘာကြီးပေါ်က လူပေါင်း ၇ ယောက်မှာ တယောက်က Facebook သုံးပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နေတယ် ဆိုတာကို ပြနေတာပဲလို့ ဆိုထားပါတယ်။